ဒဂုံမြောက် ဇွန် ၂၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၁၃၈၃ ခုနှစ်(၂၀၂၁)ခုနှစ် အစိုးရနိကာယ်စာမေးပွဲကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ အမှတ်(၄၂)ရပ်ကွက်၊ မဟာဂန္ဓာရုံ ကျောင်းတိုက်၌ ကျင်းပမည်ဖြစ်ရာ ယမန်နေ့က မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးသန်းအောင်မိုး ဦးစီး၍ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ သန့်ရှင်းရေး ဆောင်ရွက်ပေးခြင်း၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ စာမေးပွဲခန်းမအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကွယ်နိုင်ရန် ကလိုရင်းဇီဝပိုး သတိဆေးဖျန်းခြင်း၊ စာဖြေခုံစီခြင်း၊ ခုံနံပါတ်များကပ်ခြင်း စသည်ဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်အားကုသိုလ်ဒါနပြု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ရီ