သရက်ချောင်းမြို့ ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံ (၂)ရုံတို့၌ Covid-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေး

သရက်ချောင်း ဇွန်  ၂၁

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့ ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေး ရုံ(၂)ရုံတို့တွင် ယနေ့နံနက် ၉ နာရီ အချိန်ကစပြီး Covid-19 ရောဂါကာကွယ် ဆေးထိုးနှံ ပေးခြင်းကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ Covid-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ကြရာတွင် ရှေးဦးစွာ သူနာပြု ဆရာ/ဆရာမများက အသက်(၆၅)နှစ်အထက် အသက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန် ထမ်းများနှင့် ဒေသခံပြည်သူများကို  ဆေးထိုးခြင်းမပြုလုပ်မီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်များ တိုင်းတာပေးခြင်း၊ အမည်စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဆေးထိုးမည့်နေရာသို့ အလှည့်ကျ ဝင်ရောက်စေကာ သက်ဆိုင်ရာ သူနာပြုဆရာမများက Covid-19 ရောဂါ ကာကွယ်ဆေးထိုးပေးခဲ့ပြီး ဆေးထိုးပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေခဲ့သည်။

ထိုသို့ ဆေးထိုးပေးရာတွင် မြို့နယ်ပြည်သူ့ဆေးရုံးတွင်(၁၅၀)ဦး၊ ရငဲတိုက်နယ်ဆေးရုံတွင် (၇၅)ဦး နှင့် ပဲဒက်တိုက်နယ် ဆေးရုံတွင်(၇၅)ဦး စုစုပေါင်း(၃၀၀)ဦးကို ထိုနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်ကုသရေး ဦးစီးဌာနထံမှ သိရသည်။