အမြို့မြို့အနယ်နယ်သတင်းများ

Sep 13,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အပုပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ထင်းအစား အခြား လောင်စာတိုးမြှင့် သုံးစွဲရေးတွက် စွမ်းအားမြှင့်မီးဖိုများကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ ထန်းပေါက်ကုန်းကျေးရွာအုပ်စု ကျောက် တန်းကျေးရွာတွင်ပေးအပ်ကြောင်းသိရသည် ။
Sep 13,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ နိုင်ငံတော်စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်သော “ပန်းခင်းစီမံချက်” နိုင်ငံသား စိစစ်ရေးကတ်ပြား လူတိုင်းကိုင်ဆောင်နိုင်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပန်းခင်းစီမံချက်ဖြင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” အသိပညာပေး ဆိုင်းဘုတ်ကို ယမန်နေ့က လူသွားလူလာများသော စည်ပင်သာယာမြို့မဈေးရှေ့နှင့် မြို့နယ်လဝက ဦးစီးမှူးရုံး ရှေ့တို့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။
Sep 13,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နနက်ပိုင်းတွင် မြို့ပေါ် ရပ်ကွက်များ၌ မြန်မာဘာသာနှင့် စကောကရင်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက် ပေးခဲ့သည်။
Sep 13,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒုတိယညွန်ကြားရေးမှူး ဦးဆန်းအောင် ဦးဆောင်ကြီးကြပ်၍ ခရိုင်/မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက စက်တင်ဘာ ၁၂ ရက်နေ့တွင် ပန်းခင်းစီမံချက်ဖြင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ မြေပြင် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
Sep 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ  ကာကွယ်ဆေးထိုးနှံပြီးသည့် ပြည်သူများအား ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် အထကကျောင်းခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Sep 13,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီ အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဦးရဲဇော်ဦးနှင့် ဝန်ထမ်းများက  ကုန်စိမ်းနှင့် သားငါးယာယီဈေး၊ ဟော်နန်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက် တို့တွင် အသံချဲ့စက်ဖြင့်  အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေခြင်းနှင့် ကိုဗစ် - ၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Sep 13,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များကို ရှမ်းဘာသာ၊ မြန်မာဘာသာများဖြင့် ရပ်ကွက်နှင့် ကျေးရွာများအရောက် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
Sep 13,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာများတွေ့ရှိမှု များပြားလာခြင်းကြောင့် မြို့နယ်တွင် နေထိုင်သည့်ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay At Home) အစီအစဉ်တွင် ဩဂုတ် ၂၅ ရက်နေ့မှစ၍ အကျုံးဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာထားပြီဖြစ်သဖြင့် မြို့နယ်တွင်းနေထိုင်သူ ပြည်သူများ စည်းကမ်းတကျ နေထိုင်သွားရန် ခရိုင်အဆင့် Coronavirus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ခရိုင်စစ်ဆေးကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀) နာရီတွင် ဆောင်ရွက်ခဲ့သည်။