Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပန်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအထိ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်…
Sep 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက် အသံချဲ့စက်ဖြင့် လိုက်လံ အသိပေး ကြေညာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Sep 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်းရှိ ပြည်သူလူထုအားလုံး၏ လက်ဝယ်တွင်အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့ မွန်းလွဲ (၁)နာရီ အချိန်ခန့်က ကမာနက်ကျေးရွာအုပ်စု အတွင်းရှိ အသက်(၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသူများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်(၁၆၅) ကတ်ကို ကွင်းဆင်း၍ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်
Sep 13,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီးထိန်းချုပ် နိုင်ရေးနှင့် ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့အတွင်းရှိရပ်ကွက်များ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စကောကရင်၊မြန်မာဘာသာများဖြင့်အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်
Sep 13,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများနှင့် လူသေဆုံးမှုများရှိလာသဖြင့် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် အတွက်မြန်မာ ဘာသာအပြင်၊ စကောကရင်လူမျိုးအများစုနေထိုင်သော ရပ်ကွက်အစုများတွင် စကောကရင်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၃နာရီအချိန်က မြို့အတွင်းရှိ ရပ်ကွက်များ၌လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါ့သရောက်မြို့ ဗိုလ်ချိုဈေးဝန်းကျင် ရေစီးရေလာကောင်းမွန်းရေး မြို့စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်သည့်ရေဆိုးမြောင်းတူးဖော်မှုလုပ်ငန်းပြီးစီး
Sep 13,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့ ဗိုလ်ချိုဈေးပတ်ဝန်းကျင် ရေစီးရေလာကောင်းစေရေးအတွက် မြို့ စည်ပင်သာယာရေး အဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် ရေဆိုးမြောင်း တူးဖော်မှုလုပ်ငန်းများ စက်တင်ဘာ(၁၃)ရက် နေ့တွင် လုပ်ငန်းအားလုံးပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့အတွင်း ရှိသံဃာတော်များ၊သီလရှင်များနှင့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါပိုးရှိမရှိစစ်ဆေး
Sep 13,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ ကိုးနဝင်းဘုန်တော်ကြီး ကျောင်း နှင့်အာလောကာရာမကျောင်းတိုက်တို့တွင် သီတင်းသုံးနေကြသော သံဃာ တော်များ၊သီလရှင်များနှင့်ရပ်ဝေးမှ လာရောက်ပညာသင်ကြားနေကြသည့် ကျောင်း သား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ၊မရှိ သိရှိနိုင်စေရန်အတွက် RDT Test kit ဖြင့်စစ်ဆေးပေးခြင်းကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ကမမောင်းမြို့ကြက်ခြေနီ အဖွဲ့ခွဲငယ်မှ တပ်ဖွဲ့ဝင်များပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား သတ်မှတ်ရက်များအလိုက် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခဲ့သူများကို ယနေ့ နေ့လယ် ၁၂ နာရီက အ-ထ-က(လှည်းကူး)တွင် သတ်မှတ်ပေးထားသည့် နေ့ရက်များအလိုက် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်
Sep 12,2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၇ နာရီ ၅၀ မိနစ်အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ငွေသာခန်းမတွင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိုက်ပျိုးရေးဆိုင်ရာသွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25561
Page
25562
Page
25563
Page
25564
Current page
25565
Page
25566
Page
25567
Page
25568
Page
25569
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department