တံတားဦးမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနမှ စွမ်းအားမြှင့် မီးဖိုများအခ မဲ့ဖြန့်ဝေ

 

တံတားဦး ၊ စက်တင်ဘာ - ၁၃

 

ကျောက်ဆည်ခရိုင်  တံတားဦးမြို့နယ် အပုပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ထင်းအစား အခြား လောင်စာတိုးမြှင့် သုံးစွဲရေးတွက် စွမ်းအားမြှင့်မီးဖိုများကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ ထန်းပေါက်ကုန်းကျေးရွာအုပ်စု ကျောက် တန်းကျေးရွာတွင်ပေးအပ်ကြောင်းသိရသည် ။

စွမ်းအားမြှင့်မီးဖိုများပေးအပ်ရာတွင် မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇင် ထွန်းက ကျေးလက်ဒေသများတွင် လောင်စာထင်းအသုံးပြုမှုလျော့ချရေး ၊ သစ် တောသစ်ပင် ပြုန်းတီးမှုမှ ကာကွယ် ခြင်းနှင့် ရာသီဥတုဖောက်ပြန်မှုများကို  ဟန့်တားပေး နိုင်ပါကြောင်း ၊ ဒါ့အပြင် သစ်တောသစ်ပင် ပြုန်းတီးမှုကို လျော့ချခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့များ နည်းပါးလာမည်ဖြစ်ကြောင်း မီးဘေးအန္တရာယ် ကာကွယ်စေ လိုပါကြောင်းနှင့် စွမ်းအားမြှင့်မီးဖို သုံးစွဲ နည်းအကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးပြောကြားပြီး စွမ်းအားမြှင့် မီးဖိုသုံးစွဲမှုပညာပေး လက်ကမ်းစာစောင်များနှင့် မီးဖိုများ အခမဲ့ပေးဝေကြသည် ။

တံတားဦးမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁-ခုနှစ်အတွင်း ကျေးရွာ ပေါင်း(၁၈)ရွာသို့ တစ်ရွာလျှင် စွမ်းအားမြှင့်မီးဖို(၄၀)လုံးအတွက် စုစုပေါင်းအလုံးရေ(၇၂၀)လုံးကို  အခမဲ့ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူ ဦးကျော်ဇင်ထွန်း ထံမှသိရသည် ။

ရဲတင့်(တံတားဦး)