အမြို့မြို့အနယ်နယ်သတင်းများ

Sep 13,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ကို အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ သာသနာ့နွယ်ဝင် ရဟန်းသံဃာတော်များ၊ သီလရှင်များနှင့် ဦးတည်အုပ်စုတွင် ပါဝင်သူများအား သြဂုတ်လ ၂၉ ရက်နေ့မှစတင် ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေး ထိုးနှံပြီးသူ(၃၈၇၅)ဦး ရှိပြီဖြစ်ကြောင်း ငဖဲမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
Sep 13,2021
 မန္တလေးတိုင်း‌ဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေချိန်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးတို့အတွက် ရဟန်းရှင်လူပြည်သူ အပေါင်း လိုက်နာဆောင်ရွက်ရမည့် ကာကွယ်ရေး နည်းလမ်းများကို အများပြည်သူ သိရှိနိုင်ရန် အသံချဲ့ စက်ဖြင့် အသိပေး သတိပေး နှိုးဆော်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ အတွင်း၌ လိုက်လံ အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည် ။
Sep 13,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းစေရေးအတွက် ပြည်သူများ လိုက်နာကြရန် မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးကော်မတီနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍
Sep 13,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အနံ့ပျောက်ဝေဒနာ ခံစားနေရသူများမှ မြို့နယ်ပြည်သူ့ဆေးရှံကြီးသို့ ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က လာရောက် စစ်ဆေးခဲ့ကြရာ ကိုဗစ်-၁၉ အတည်ပြုလူနာ(၂)ဦး ထပ်မံတွေရှိခဲ့ပြီး အတည်ပြုလူနာ စုစုပေါင်း (၉၃၇)ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
Sep 13,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ၏ လမ်းညွှန်မှုအရ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူးများပူးပေါင်း၍
Sep 13,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်းသည် မြန်မာ့သစ်လုပ်ငန်း မင်းဘူးခရိုင် သစ်ထုတ်ရေးဒေသ လက်အောက်တွင် တည်ရှိပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ဖွင့်လှစ်ကာ ဧက ၇၀၀ ကျယ်ဝန်း၍ ပန်းတောင်း-ပျော်ဘွယ်ကြိုးပြင် ကာကွယ်တောတွင် တည်ရှိကြောင်း မင်းဘူးခရိုင် သစ်ထုတ်ရေး လ/ထမန်နေဂျာ ဦးလှသန်းထံမှ သိရသည်။
Sep 13,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အနောက်ရပ်ကွက်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးဝင်းအတွင်း သန့်ရှင်းသပ်ရပ် သာယာလှပစေရေးအတွက် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းခြင်း၊ ခြံစည်းရိုး ပုဏ္ဏရိတ်ပင်များအား ပုံသွင်းခြင်း၊ မြက်ပင်ခြုံနွယ်များအား ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Sep 13,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများကို သိရှိနိုင်ရန်အတွက် မြန်မာဘာသာနှင့် ပိုးကရင်ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။