အမြို့မြို့အနယ်နယ်သတင်းများ

Sep 13,2021
မန္တလေးတိုင်းဒေသကြီး ၊ သာစည်မြို့နယ်တွင် ကျန်းမာရေးမကောင်းသဖြင့် မြို့နယ်ပြည်သူ့ ဆေးရုံကြီးတွင် လာရောက်ပြသ သူများအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ယမန်နေ့ က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၅ ဦး ထပ်မံ‌တွေ့ရှိခဲ့ပြီး ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၂၄ ဦးရှိ ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
Sep 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က နောင်ချိုမြို့ပေါ်ရှိ ကတီပင်ကျောင်း၊ ဟော်တော်ကျောင်း၊ သုံးဆယ်အုပ်စုအတွင်းရှိ စစ်ကဲကုန်းကျောင်း၊ ဇီးဖြူပင်ကျောင်း၊ အထက်ကြူအင်းကျေးရွာရှိ ကြူအင်းကျောင်း၊ သရက်ကုန်းအုပ်စုရှိ သရက်ကုန်းကျောင်း၊ ဇာလီကျောင်း၊ အင်းဦးကျောင်း၊ ဆမ္မဆယ်အုပ်စုရှိ ဆမ္မဆယ်ကျောင်း စုစုပေါင်း ဘုန်းတော်ကြီး ကျောင်း ၉ ကျောင်းမှ သံဃာတော် ၂၄၉ ပါး၊ သုံးဆယ်ကျေးရွာ  မြို့မသီလရှင်ကျောင်းမှ သီလရှင် ဆရာလေး  ၁၂ ပါး စုစုပေါင်း ၂၆၁ ပါးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ သံဃာ (၁) ပါး၌သာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
Sep 13,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ပူးပေါင်းကာစက်တင်ဘာ၁၃ရက်နေ့၊နံနက်၈နာရီအချိန်မှစတင်ပြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ ကျေးရွာများအတွင်း ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်နိုင်ရေး လှည့်လည်၍ အသိပေးနှိုးဆော်ခဲ့ကြောင်း ညောင်ဦးခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မေသန္တာအောင်ထံက သိရသည်။
Sep 13,2021
ရခိုင်ပြည်နယ်၊ ​မာန်အောင်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း ဆေးရုံ ဘေးပတ်ဝန်းကျင် နေရာ သန့်ရှင်း သာယာ လှပကောင်းမွန်စေရေး၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ ပူးပေါင်းပြီး ယနေ့ နံနက် ၈ နာရီအချိန်က ရန်အောင်မြင် ရပ်ကွက်ရှိ မြို့နယ် ပြည်သူ့ဆေးရုံအတွင်း အပြင် နေရာများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 13,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ရောဂါကူးစက်ဖြစ်ပွားနေမှုကို ထိန်းချုပ်ရေး၊ ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရေး စသည့် အသိပညာပေးခြင်းကို ယနေ့နံနက် (၈)နာရီမှစတင်၍ မြို့ပေါ်ရပ်ကွက်အတွင်း လမ်းများနှင့် ဖြူးကားဝင်းအတွင်းတို့တွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများအား ဩဂုတ် ၁၀ ရက်နေ့မှ စက်တင်ဘာ ၁၃ ရက်နေ့အထိ ပျက်ကန့်ကျေးရွာအုပ်စုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 13,2021
မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း တာဝန်ထမ်း ဆောင်လျက်ရှိသောထွေ/အုပ်ဝန်ထမ်းများအားပေးအပ်သည့် ထောက်ပံ့ ငွေများထပ်ဆင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မလှိုင်မြို့နယ် အထွေထွေ အုပ်ချုပ်‌ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည် ။