လှိုင်းဘွဲ စက်တင်ဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ နိုင်ငံတော်စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်သော “ပန်းခင်းစီမံချက်” နိုင်ငံသား စိစစ်ရေးကတ်ပြား လူတိုင်းကိုင်ဆောင်နိုင်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပန်းခင်းစီမံချက်ဖြင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” အသိပညာပေး ဆိုင်းဘုတ်ကို ယမန်နေ့က လူသွားလူလာများသော စည်ပင်သာယာမြို့မဈေးရှေ့နှင့် မြို့နယ်လဝက ဦးစီးမှူးရုံး ရှေ့တို့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။
ထို့သို့ အသိပညာပေးဆိုင်းဘုတ်စိုက်ထူရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်းဘွဲမြို့နယ် ဦးစီးမှူးရုံး မှ ဦးစီးအရာရှိ ဦးဝင်းနိုင်ဦးနှင့် ဝန်ထမ်းများ ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်မှူး ရဲမှူး ဆန်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှိုင်ထွေးနှင့် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ပြီး အဆိုပါဆိုင်းဘုတ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ခေါင်းစဉ်ဖြင့် ကရင်ပြည်နယ် အတွင်းရှိ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအား ဥပဒေအရ နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြားအမျိုးမျိုးကို ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက် ရှိခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်မည့် ပြည်သူများအနေဖြင့် မြို့နယ်လဝကရုံးများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ခြင်း၊ “လူမှုဘဝပြည့်စုံဖို့ ပန်းခင်းလမ်း လျှောက်ကြစို့” ဆိုင်းဘုတ်ဖြင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရှိရ သည်။
မြို့နယ် (ပြန်/ဆက်)