Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပင်လောင်းမြို့နယ်အတွင်းရှိ စာသင်တိုက်နှင့်ကျောင်းတိုက်များရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ RDT Test kit ဖြင့် အခမဲ့ စစ်ဆေးပေး
Sep 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ကိုးခေါင် ရပ်ကွက် အတွင်းရှိ ကိုးခေါင်ပရိယတ္တိစာသင်တိုက်ရှိသံဃာတော်များအား ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ သွားရောက် စစ်ဆေး ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လဲချားမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး
Sep 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်အားကစားခန်းမတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်မြို့နယ် ဗလီခြံရေကျော်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ပြုလုပ်ပေး
Sep 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနရုံးမှမြို့နယ်ဦးစီးမှူး ဦးထွန်းဆွေဦးဆောင်သော ဝန်ထမ်းများမှ မြိုနယ်အတွင်းရှိ နိုင်ငံသား စိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့က ဗလီခြံ ရေကျော်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ သက်သာပျောက်ကင်းသူ (၄)ဦးဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၃၅၇)ဦးရှိလာ
Sep 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ယာယီဆေးရုံသာသနာ့ဗိမာန်တွင် ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူ (၄)ဦးအား ယမန်နေ့မွန်းလွဲပိုင်းက ဆေးရုံဆင်း ခွင့်ပြုလိုက်ရာ ဆေးရုံဆင်းခွင့်ရရှိသူ (၃၅၇)ဦးရှိပြီဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ (၂၇၁၀)ဦးထိရှိ
Sep 13,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုများနှင့်အညီ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ သာသနာ့ဝန်ထမ်းများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ စက်ရုံ/အလုပ်ရုံဝန်ထမ်းများ ၊ပုဂ္ဂလိကပို့ဆောင်ရေဝန်ထမ်းများ၊ စူပါမားကတ်ဈေးရောင်းချသူများ စသည်တို့ကို ဆေးထိုးစုရပ်များ တွင် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် အတွင်းရှိ ဒေသခံ တောင်သူများအား စိုက်ပျိုးရေးသွင်းအားစုများ ထ…
Sep 13,2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၁၁ နာရီအချိန်က ယင်းမာပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပ ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာစုစုပေါင်း (၁၅)ဦး ထပ်မံတွေ့ရှိပြီး ဆေးရုံ ဆင်းခွင့်ရရှိသူ(၄)ဦး နှင့် ကုသဆဲလူနာ (၆၇) ဦးသာကျန်ရှိ
Sep 13,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့အချိန်အထိ ကိုဗစ်(၁၉) ရောဂါပိုးတွေ့ အတည်ပြု လူနာ (၇၂၂)ဦးရှိပြီး ကျန်းမာရေးကောင်းမွန်စွာဖြင့် ဆေးရုံဆင်းသူစုစုပေါင်း (၅၃၀) ဦးရှိကာ ကုသဆဲ အတည်ပြု လူနာ (၆၇)ဦး၊ လွှဲပြောင်းကုသလူနာ (၁၃) ဦးနှင့် ယနေ့အချိန်အထိသေဆုံးသူ စုစုပေါင်း (၁၁၂)ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ယင်းမာပင်မြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ၇ ရက်မြောက်နေ့ ထိုးနှံပေး
Sep 13,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာဇွဲမာန် ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး( Sinopharm) ထိုးနှံခဲ့သော အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးတည် အုပ်စုများ အလိုက် သတ်မှတ်ထားရှိသူများအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒုတိယအကြိမ် ၇ ရက်မြောက်နေ့အဖြစ် (၁၁၀)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25553
Page
25554
Page
25555
Page
25556
Current page
25557
Page
25558
Page
25559
Page
25560
Page
25561
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department