အမြို့မြို့အနယ်နယ်သတင်းများ

Sep 13,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သံဃာတော်များ၊သီလရှင်များ၊ အသက်(၆၅)နှစ် အထက် အဘိုးအဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စုကြီးရပ်ကွက် မြို့တော်ခန်းမတွင် ယနေ့နံနက်ပိုင်းက ဒုတိယ အကြိမ်ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
Sep 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် မင်္ဂလာမဏ္ဍိုင်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပညာသိရီ အကျိုးဆောင်၍ Taiwan Dana Group အလှူရှင် မိသားစုတို့က လှူဒါန်းသော Oxygen Flowmeter အိုး( ၁၆)အိုးအား ပန်းတနော်မြို့နယ် အတွင်းရှိ ဂိုဏ်းပေါင်းစုံ သံဃာတော်များအတွက် ခွဲဝေလှူဒါန်းပေးခြင်းကို စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီက အောင်သပြေ ဘိုးဘွားရိပ်သာ မင်္ဂလာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Sep 13,2021
မုံရွာမြို့နယ်အတွင်း နိုင်ငံတော်မှထောက်ပံ့သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ (ပထမကြိမ်) ထိုးနှံပေးပြီးသော အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ၊ နိုင်ငံ့ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီမှ နေ့လယ် (၁)နာရီအထိ ဆေးထိုးစုရပ် (၃)နေရာခွဲ၍ သတ်မှတ်ရက်များအတွင်း ဦးတည်အုပ်စု(၁၂)စုမှ ဦးစားပေး အလိုက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်) ထိုးနှံပေးလျက် ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးကော်မတီထံမှ သိရသည်။
Sep 13,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပြည်သူများပူးပေါင်းပါဝင်စေရန် အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့မနက် ၇ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Sep 13,2021
ကရင်ပြည်နယ် ၊ ဘားအံမြို့နယ်တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များစုပေါင်း၍ ယခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့တွင် ကျရောက်သည့် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာဖတ်ဝိုင်းကို ဘားအံခရိုင် (Community Centre )ခန်းမတွင် ယနေ့ နံနက်(၁၀:၀၀)နာရီ က ကျင်းပပြုလုပ်ခဲ့သည်။
Sep 13,2021
ဧရာဝတီတိုင်း​ဒေသကြီး အစိုးရအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များက ပန်းတနော်မြို့နယ် အတွင်းရှိ သီတင်းသုံးတော်မူကြသည့် ဆရာတော်သံဃာတော်များနှင့် သီလရှင်ဆရာကြီး ဆရာလေး များအား ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့သည်။
Sep 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် မြို့နယ်ဉပဒေရုံးတို့ ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
Sep 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေ ပြည်သူများ သောက်သုံးရေရရှိမှု အဆင်ပြေစေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်(၁၁၄)သန်းဖြင့် ကျေးရွာ(၅)ရွာ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်း (၁၀၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။