အမြို့မြို့အနယ်နယ်သတင်းများ

Sep 13,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ယမန်နေ့ နေ့လည်က ကိုဗစ်-၁၉ ကာလအတွင်း ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ အောင်ချမ်းသာရပ်ကွက်အတွင်းရှိ ပြည်သူများထံသို့ အခြေခံစားသောက် ကုန်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
Sep 13,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄ ဦး တွေ့ရှိပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ကိုးဦးအား ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Sep 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များ၊ ကျောင်းသားများအား (RTD) Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရခြင်း ရှိ/မရှိ စစ်ဆေးပေးခြင်း ဆောင်ရွက်မှုကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် သွားရောက်စစ်ဆေးပေး ခဲ့ကြကြောင်း သိရသည်။
Sep 13,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် အဘိုး အဘွား များနှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား ယနေ့၊နံနက်ပိုင်းက ပုလော မြို့နယ်ပြည်သူ့ဆေးရုံတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Sep 13,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ဆေးရုံဝင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါစက်ရုံနေရာ၌ ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်၊၊
Sep 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းအတွက် အထောက်အပံ့ဖြစ်စေရန် လိုအပ်လျက်ရှိသော အောက်စီဂျင် ထုတ်လုပ်နိုင်မည့်  Oxygen Plan ကို ယမန်နေ့ ညနေပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ အဆောက်အဦ တွင် နေရာချထားနိုင်ရေးကို စတင်တပ်ဆင် ဆောင်ရွက်ခဲ့သည်။
Sep 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယမန်နေ့ နံနက်(၈) နာရီ အချိန်ကစ၍ မြို့နယ်အတွင်းရှိ သံဃာဦးရေ (၂၅) ဦးအထက်ရှိသည့် မွေတော်ပရိယတ္တိ စာသင်တိုက်နှင့် ကုန်းပင်း ဘုန်းတော်ကြီးကျောင်းတို့တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် သံဃာတော်များအား RDT Test Kit ဖြင့် သွားရောက်စစ်ဆေးပေးခဲ့ရာ အရှေ့ကျေးရွာအုပ်စု၊ ဟိုဖိုင်ကျေးရွာ၊ ကုန်းပင်းဘုန်းတော်ကြီးကျောင်းရှိ အသက် (၁၆)နှစ် အရွယ် သံဃာ (၁) ပါးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းနှင့် ယခုအခါ Isolation Ward တွင် ထားရှိကုသပေးလျက်ရှိကြောင်း သိရသည်။
Sep 13,2021
ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့အတွင်းရှိ ဒေသခံပြည်သူများအားလုံးတွင် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက် ကျေးရွာများအထိ ကွင်းဆင်းကာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ရာ အိမ်ထောင်စု လူဦးရေစာရင်း ၂၆၇ စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ် ၄၂၇ ကတ်ကို ပြုလုပ်ပေးခဲ့ပြီးဖြစ် ကြောင်း သိရသည်။