Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မုဒုံမြို့ ၌ ကိုဗစ်-၁၉ ကာလအတွင်း အခြေခံအိမ်ထောင်စုများအား ဆန်အိတ်များလှူ ဒါန်း
Sep 15,2021
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း အခြေခံအိမ်ထောင်စုများအား စား၊ ဝတ်၊ နေရေး အဆင်ပြေစေရန် အတွက် စက်တင်ဘာ၁၅ရက်နေ့ တွင် မုဒုံမြို့နယ် မြို့မ(၄) ရပ်ကွက် ဂေါက်ကွင်း အနောက်ရှိ အခြေခံအိမ်ထောင်စုဝင်များထံ ဆန်အိတ်များကို မေတ္တာစံအိမ် (Day Care Family) အသင်းမှ သွားရောက် ထောက်ပံ့လှူဒါန်းသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရဟန်း၊ သာမဏေနှင့် သီလရှင်များအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Sep 15,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ကို ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ယနေ့မွန်းလွဲ (၁) နာရီမှ စတင်ပြီး ရပ်ကွက်ကြီး (၂) ရှိ သံဃသာမဂ္ဂီမဟာပဝါရဏာ သိမ်တော်ကြီး၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ဆရာတော် သံဃာတော်များနှင့် သီလရှင်များအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ (၂၀၀၀) ထပ်မံရရှိ၍ ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်သူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံ
Sep 15,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ဆရာတော် သံဃာတော် များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ(၂၀၀၀)ထပ်မံရရှိ၍ ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်သူများအား ယနေ့နံနက်ပိုင်းမှစတင်ကာ ဆက်လက် ထိုးနှံ လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်တွင် ပန်းခင်းစီမံချက် အသိပညာပေး ဗီးနိုင်းဆိုင်းဘုတ် စိုက်ထူ
Sep 15,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးထိန်ဝင်း၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက ပန်းခင်းစီမံချက် ဆောင်ရွက်နေမှုအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အတွက် လူစည်ကားရာနေရာဖြစ်သည့် မြို့သစ်လမ်းနှင့် မနောသုခလမ်းထောင့်တွင် ယနေ့နေ့လည်ပိုင်းက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ အသိပညာပေး ဗီးနိုင်းဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ
Sep 15,2021
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်း မြို့နယ်တွင် အသက် (၆၅)နှစ်နှင့် အထက် မိဘပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စက်ရုံအလုပ်ရုံ ဝန်ထမ်းများကို ကာကွယ်ဆေးထိုးနှံပေးလျက် ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် အမှတ် (၃) ရပ်ကွက်ရှိ အမျိုးသားပြန်လည် သန်စွမ်းရေးဆေးရုံ၌ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအား ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ပထမအကြိမ်) ထိုးနှံပေး
Sep 15,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး မထိုးရသေးသည့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က စတင်၍ စုရပ်(၅)နေရာခွဲကာ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံးကိုးမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ပြည်သူများသိရှိလိုက်နာရမည့် စည်းကမ်းချက်များအား အသိပေးနှိုးဆော်
Sep 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့အတွင်းကိုဗစ်-၁၉ရောဂါကူးစက် ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်ပြည်သူများက လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို လှည့်လည် အသိပညာပေးနှိုးဆော်ခြင်းအား ယနေ့နံနက်(၁၀)နာရီအချိန်ကရပ်ကွက်များအတွင်းအသိပညာပေး နှိုးဆော်ခြင်းကိုဆောင်ရွက်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့၌ ကိုဗစ်−၁၉ရောဂါပိုးတွေ့အတည်ပြုလူနာပေါင်း(၁၈၃)ဦးတွင်ဆေးရုံ ဆင်းခွင့်ရသူ ပေါင်း(၁၄၇)ဦးရှိ
Sep 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၌ ယနေ့ထိ ကိုဗစ်−၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာပေါင်း (၁၈၃)ဦးတွင် ရောဂါလက္ခဏာများကုသပျောက်ကင်း၍ နေအိမ်သို့ ပြန်ခွင့်ရသူစုစုပေါင်း(၁၄၇) ဦးထိရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25507
Page
25508
Page
25509
Page
25510
Current page
25511
Page
25512
Page
25513
Page
25514
Page
25515
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department