Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ခိုလမ်မြို့မှကိုဗစ်-၁၉ ပိုးတွေ့လူနာ(၂၀)ဦးအား ကျန်းမာရေးကောင်းမွန်လာသဖြင့်ဆေးရုံမှဆင်းခွင့်ပြု
Sep 16,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံ၌ဆေးကုသမှုခံယူနေသော ခိုလမ်မြို့၊ အမှတ်(၁)ရပ်ကွက်မှ အမျိုးသား( ၄ )ဦး အမျိုးသမီး(၁၁)ဦး နှင့်အမှတ်(၃) ရပ်ကွက်မှအမျိုးသား(၂)ဦး၊ အမျိုးသမီး(၃)ဦး၊ စုစုပေါင်းကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ(၂၀)ဦးအားကျန်းမာရေး ကောင်းမွန်လာသဖြင့်ယမန်နေ့ နံနက်(၁၀)နာရီ အချိန်တွင်ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ် ပြုလုပ်ပေးနိုင်ရေး စာရင်းကောက်ယူခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိ
Sep 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် နေ ပြည်သူများအား “ပန်းခင်း”စီမံချက်ဖြင့် တိုင်းရင်းသား ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လိုက်လံစာရင်း ကောက်ယူခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈နာရီအချိန်မှ စတင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းသူအောင်၏ ဦးဆောင်မှုဖြင့် ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့်ရပ်ကွက်၊ ကျေးရွာစာရေးများက ပြည်သူများနေအိမ်သို့ တစ်အိမ်တက်ဆင်း လိုက်လံစာရင်း ကောက်ယူလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လောင်းလုံးမြို့နယ် ၌ အသက်(၅၅)နှစ်နှင့်အထက် ဦးစားပေးအဆင့်လိုက် ပြည်သူများအား(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 16,2021
တနင်္သာရီတိုင်းဒေသကြီး၊လောင်းလုံးမြို့နယ် ၌ အသက်(၅၅)နှစ်နှင့်အထက် ဦးစားပေး အဆင့် လိုက်ပြည်သူများအား (ပထမအကြိမ်)ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရေး အတွက် ညှိနှိုင်းလအစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီအချိန်က လောင်းလုံး မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း မြေပုံမြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိ၊မြို့ဖများနှင့်တွေ့ဆုံ စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်…
Sep 16,2021
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြောက်ဦးခရိုင်၊ မြေပုံမြို့မှ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံပြီး စိုက်ပျိုးကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ခိုလမ်မြို့ အမှတ်( ၃ )ရပ်ကွက်နေ အမျိုးသားတစ်ဦး အနံ့ပျောက်၍ စစ်ဆေးမှု ခံယူရာမှ မိသားစုဝင် (၁၁)ဦး Positive ထပ်မံတွေ့ရှိ
Sep 16,2021
ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ အမှတ်( ၃ )ရပ်ကွက်မှ အသက် ( ၆၅ )နှစ် အရွယ် အမျိုးသားသည် အနံ့ပျောက်သဖြင့် စက်တင်ဘာ ၁၄ ရက်နေ့ နေ့လယ် (၁၃) နာရီ (၃၀)မိနစ် အချိန်တွင် ခုတင်(၁၀၀) ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
မေတ္တာမြို့၊မြို့ပေါ်ရပ်ကွက်များတွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများအသိပေး နှိုးဆော်
Sep 16,2021
တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်ခရိုင်၊မေတ္တာမြို့ ၌ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ကြီးကြပ်မှုဖြင့်နယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးသူရကျော်နှင့်တပ်ဖွဲ့ဝင်များနှင့် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနဝန်ထမ်းတို့ပူးပေါင်း၍ စက်တင်ဘာလ၁၅ရက်နေ့ နံနက်၉း၃၀နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း မှီတင်းနေထိုင်ကြသော မိဘပြည်သူများထံ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင် ကာကွယ်၊ ထိန်းချုပ်နိုင် ရေးနည်းလမ်းများကိုအသံချဲ့စက်ဖြင့် အသိ ပေးနှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်ကျေးရွာများရှိဒေသခံပြည်သူများအား ကိုဗစ် -၁၉ရောဂါပိုးရှိ/မရှိ နယ်လှည့်ကွင်း ဆင်းစစ်ဆေး
Sep 16,2021
မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေး ကြီးကြပ်မှုကော်မတီ မှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိဒေသခံပြည်သူများအား ကိုဗစ်- ၁၉ရောဂါပိုးရှိ/ မရှိ နယ်လှည့်ကွင်းဆင်း စစ်ဆေးပေးလျက်ရှိရာ ယနေ့ မနက်(၁၀)နာရီက ညောင်လေးပင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် Test Kit ဖြင့် ဆေးစစ် ဆေးမှုပြုလုပ်ခဲ့ကြောင်းသိရ သည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Sep 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်ထွန်းနှင့် ဝန်ထမ်းများက ယမန်နေ့ နံနက်(၉)နာရီ အချိန်မှစ၍ မြောက်ကုန်းတန်းကျေးရွာအုပ်စု၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25503
Page
25504
Page
25505
Page
25506
Current page
25507
Page
25508
Page
25509
Page
25510
Page
25511
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department