Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းယန်း၌ ကျေးရွာအရောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Sep 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ သတ်မှတ်ဆေးထိုးစုရပ်နေရာ အသီးသီးတွင် အသက်(၆၅)နှစ် နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျေးရွာအရောက် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အလှူရှင်များ စုပေါင်းလှူဒါန်းငွေဖြင့် တည်ဆောက်မည့် အောက်ဆီဂျင်ဖြည့်တင်းစက် မြန်အောင်မြို့သို့ ရောက်ရှိ
Sep 08,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင် မြို့နယ်အတွင်းနှင့် ပြင်ပမှ အလှူရှင်များစုပေါင်း၍ မြို့မိ မြို့ဖများ ဦးဆောင်ကာ ဆောက်လုပ်သော အောက်ဆီဂျင် ဖြည့်တင်းစက်သည် ယမန်နေ့ ညနေက စက်ထားရှိမည့် မြန်အောင်မြို့ အမှတ် ၃ ရပ်ကွက် ကျိတ္တန်းအနောက်လမ်း ပါရမီလူမှုကူညီရေး အသင်းရုံးသို့ ရောက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရသေ့တောင်မြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး စုရပ်(၃)ခုတွင် နောက်ဆုံးနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 08,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီး ခဲ့သည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ဦးစားပေးအုပ်စုတွင် ပါဝင်သူများအပြင် အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးရန်ကျန်ရှိသည့် ပြည်သူများကို စုရပ်(၃)ခုတွင် ယမန်နေ့ နောက်ဆုံးနေ့အဖြစ် နံနက် ၉ နာရီမှစ၍ ထိုးနှံပေး လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့သည် ကြံခင်းမြို့နယ် ဘက်ရဲမြို့ကမ်းထိန်းတည်ဆောက်မှု လုပ်ငန်းအား ကြည့်ရှုစစ်ဆေး
Sep 08,2021
ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး ကျော်စွာလှိုင် ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က ကြံခင်းမြို့နယ် ဘက်ရဲမြို့ အမှတ်(၂)ရပ်ကွက် ရွှေကျောင်းရပ်ရှိ ပရှဉ့်ချောင်း အခြေထိန်းကျောက်ဖြည့် ရေကာတာနှင့် ကမ်းပါးထိန်း တည်ဆောက်မှု လုပ်ငန်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ကာလအတွင်း ငပလီမြို့တွင် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Sep 08,2021
သံတွဲခရိုင်၊ ငပလီမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း အခြေခံလူတန်းစား အိမ်ထောင်စုများသို့ အခြေခံစားသောက်ကုန် နှစ်မျိုးထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က လင်းသားရပ်ကွက် စေတနာရှင်အလှူရှင်များ စုပေါင်း၍ အိမ်ထောင် (၁၀၀)စုထံသို့ လက်ဝယ် အရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေး တိုင်းရင်းသားဘာသာများဖြင့် ကျန်းမာရေးအသိပညာပေး နှိုးဆော်
Sep 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အမိန့်နှင့်ညွှန်ကြားချက်များကို ဒေသခံပြည်သူများသိရှိလိုက်နာရန် တိုင်းရင်းသားဘာသာ စကား ဖြင့် ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့နယ် နန်းမားမြို့ Quarantine စင်တာတွင် ကိုဗစ်-၁၉ဆိုင်ရာ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ လာရောက်ပေးအပ်
Sep 08,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့ Quarantine စင်တာတွင် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ လာရောက် ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း တေဇ ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့
Sep 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၏ MCCT (Maternal And Child Cash Transfer) အစီအစဥ်မှထောက်ပံ့သည့် မြန်အောင်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက်၂ နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ထောက်ပံ့ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25829
Page
25830
Page
25831
Page
25832
Current page
25833
Page
25834
Page
25835
Page
25836
Page
25837
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department