လမ်းမတော်မြို့နယ် UMFCCI တွင် JICA Two-Step Loan နှင့် စပ်လျဉ်း၍ CB Bank မှ တာဝန်ရှိသူများ အသင်းချုပ်သို့ လာရောက် တွေ့ဆုံ

လမ်းမတော် ဩဂုတ်  ၁၇

လမ်းမတော်မြို့နယ်  UMFCCI  တွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) အတွက် အရေးပါသည့် Loan တစ်ခုဖြစ် သော JICA Two-Step Loan နှင့်စပ်လျဉ်း၍ CB ဘဏ်မှ တာဝန်ရှိသူများ ယမန်နေ့၊ မွန်းလွဲပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံခဲ့ကြသည်။

CB ဘဏ် တာဝန်ရှိသူများမှ CB ဘဏ်၏ SME Banking အကြောင်း၊ JICA Two-Step Loan နှင့် ပတ်သက်သည့် သတင်းအချက်အလက် များအား ရှင်းလင်းတင်ပြခဲ့ပြီး အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ အသင်းချုပ်ရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ အသင်းချုပ် တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးအေးထွန်း၊ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်