ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ သဘာဝဘေး အရေးပေါ်ရန်ပုံငွေဖြင့် မြန်အောင်မြို့နယ် ကနောင်မြို့နှင့် အိုးဘိုအုပ်စု တွင် မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်မည်

မြန်အောင်  ဩဂုတ်  ၁၇

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ သဘာဝဘေး အရေးပေါ်ရန်ပုံငွေဖြင့် မြန်အောင်မြို့နယ် ကနောင်မြို့နှင့် အိုးဘိုအုပ်စုတွင် မြစ်ကမ်းထိန်း လုပ်ငန်းများကို ယခုလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကနောင်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းထံမှ သိရသည်။

မြန်အောင်မြို့နယ် ကနောင်မြို့ အမှတ်() မြောက်ပိုင်းရပ်ကွက်၊ အမှတ်() အလယ်ပိုင်းရပ်ကွက်၊ အမှတ်() ဈေးပိုင်းရပ်ကွက်၊ အမှတ်() မြို့မရပ်ကွက်နှင့် အိုးဘိုကျေးရွာအုပ်စု ကနောင်လေးကျေးရွာ၊ ဆိုင်းစုကျေးရွာတို့၌ ဧရာဝတီမြစ်ကမ်းဘေးတွင် တစ်တန်းသွား မျောတိုင်စိုက် သဲအိတ်ဖြည့် တုတ်တန်းရိုက်ခြင်း ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ သဘာဝဘေး အရေးပေါ်ရန်ပုံငွေမှ (၁၈၃၉၉၈၀၀)ကျပ် ရရှိကြောင်းနှင့် ကမ်းထိန်းလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာအလိုက် ကော်မတီများ ဖွဲ့စည်း၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်နှင့် မြို့အုပ်ချုပ်ရေးမှူးတို့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကနောင်မြို့ အုပ်ချုပ်ရေးမှူး ထံမှသိရသည်။

မြန်အောင်မြို့နယ် ကနောင်မြို့နှင့် အိုဘိုကျေးရွာအုပ်စုတို့တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ဩဂုတ်လ ပထမပတ်အတွင်း ကမ်းပြိုမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ကနောင်မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဒေသခံပြည်သူများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ဝင်းဗိုလ်၊ မြန်အောင် (ပြန်/ဆက်)