အမြို့မြို့အနယ်နယ်သတင်းများ

Sep 15,2021
ကယားပြည်နယ် ​ဘောလခဲခရိုင် ဖား​ဆောင်းမြို့နယ်တွင် မြို့​ပေါ်ရပ်ကွက်နှင့် ​ကျေးရွာများအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၁)နှစ်ခွဲ​အောက် က​လေးငယ်များအား ကိုဗစ်ကာလအတွင်း လစဉ် ပုံမှန်ကာကွယ်​ဆေး ထိုးနှံတိုက်​ကျွေးခြင်းကို ယ​နေ့နံနက် ၈နာရီ မြို့နယ်ပြည်သူ့​ဆေးရုံ၌ ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Sep 15,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာရှိ အစည်းအဝေး ခန်းမ၌ ယနေ့ နံနက် ၈ နာရီအချိန်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။
Sep 15,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အောင်သပြေရပ်ကွက် စိန်ပက်ထရိတ်ဘုရားကျောင်းရှိ တိုက်ပွဲရှောင်စခန်းမှ ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုဝင်များအား ယနေ့ နံနက် (၁၁)နာရီက ထောက်ပံ့ ရေးပစ္စည်းများ လာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 15,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါး စိုက်တောင်သူကြီးများ အား ၂၀၂၁ ခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ နံနက်က အဆိုပါဘဏ်ခွဲတွင် ကရင်ဝင်းစိန်ကျေးရွာ တောင်သူ(၈၃)ဦးအား (၂) ကြိမ်ခွဲ၍ ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Sep 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 15,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် မြန်မာဘာသာ၊ပိုးကရင်ဘာသာတို့ဖြင့် ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် လမ်းဆုံ လမ်းခွများတွင် အသိပညာပေးနှိုးဆော်ဆောင်ရွက်ခဲ့သည်။
Sep 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ စနစ်တကျရှိစေရေးအတွက် မြို့နယ်ကိုဗစ်ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၁၄:၀၀)နာရီ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 15,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊    သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် ကြီးကြပ်မှုဖြင့်  အသက် (၅၅)နှစ်အထက်ရှိသူများအား ယနေ့ နံနက်  ၉ နာရီမှ စတင်ကာ သံဖြူဇရပ်မြို့နယ်အတွင်းရှိ သတ်မှတ်ထားသော ဆေးထိုးစုရပ် (၇) နေရာ၌ ဆေးအလုံးရေ (၅၀၀၀)လူဦးရေ (၂၅၀၀၀)  ခန့်အား ပထမနေ့အဖြစ်ထိုးနှံ ပေးလျက်ရှိသည်။