ဝမ်းတွင်း ၊ ဩဂုတ် ၁၇
ဝမ်းတွင်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေ(၂၀၀၀၀)ကျပ်နှုန်း ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်မှ အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်မှမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုလျှင် ကျပ် (၂၀၀၀၀) နှုန်း ထောက်ပံ့ပေးအပ်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်းစိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်နှင့် ဌာနဆိုင်ရာအကြီး အကဲများမှ အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကိုပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အနေဖြင့် ကျေးရွာအုပ်စု (၇၅) အုပ်၊ ကျေးရွာပေါင်း (၂၁၈) ရွာတွင် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စု (၃၃၀၆၄) အတွက် နိုင်ငံတော်အစိုးရမှ ဒုတိယအကြိမ်အဖြစ် ထောက်ပံ့ငွေကျပ် (၆၆၁၂၈၀၀၀၀) ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဌေးလှိုင် (ဝမ်းတွင်း)