ကော့သောင်း ဩဂုတ် ၁၇
ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနကကြီးမှူးကျင်းပသည့် ဆဌမအကြိမ် ပင်လယ်ငါးဖမ်းရေယာဉ် ရေ လုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေးသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့ ကမ်းနီးကုမ္ပဏီများဇုံ၊ ဓနအားမာန်ကုမ္ပဏီခန်းမတွင် ကျင်းပသည်။
သင်တန်းဆင်းပွဲသို့ ခရိုင်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ငါးလုပ်ငန်းအဖွဲ့ချူပ်တို့မှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသား (၄၈) ဦးတို့ တက်ရောက်ကြသည်။
ခမ်းအနားတွင် ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန့်ဇင်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းနည်းပြများအား ဂုဏ်ပြုလက်မှတ်နှင့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။
အဆိုပါသင်တန်းအား ကော့သောင်းမြို့ရှိ ရေလုပ်သားများအား (၆) ကြိမ်မြောက်အဖြစ် နောက်ဆုံးဖွင့်လှစ်ခြင်းဖြစ်ကာ ရေကြောင်းသွားလာမောင်းနှင်မှုဆိုင်ရာများ၊ ရေကြောင်းဆိုင်ရာ ဥပဒေ/နည်းဥပဒေများ၊ အလုပ်သမားဥပဒေဆိုင်ရာ ကောက်နုတ်ချက်များ၊ အသက်ကယ်ပစ္စည်းများအသုံးပြုပုံ (လက်တွေ့)၊ မီးလောင်မှု့ဖြစ်ပေါ်နိုင်သည့်ကိစ္စရပ်များ၊ အရေးပေါ်မီးငြိမ်းသတ်နည်းများ(လက်တွေ့)၊ အရေးပေါ်ရှေးဦးသူနာပြုနည်း (စာတွေ့/ လက် တွေ့)၊ မိုးလေဝသဆိုင်ရာသတင်းအချက်အလက်ရယူနည်းများ၊ ငါးလုပ်ငန်းဆိုင်ရာတားမြစ်ချက်များ၊ ဥပဒေများ၊ အရေးပေါ်ဆက်သွယ်ဆောင်ရွက်ရမည့်အဖွဲ့အစည်းများနှင့် ဖုန်းအမှတ်၊ လေလှိုင်းအမှတ်များ၊ ရာသီခို၊ ကျွန်းခိုရန် သတ်မှတ်နေရာများ စသည့်ဘာသာရပ်များကို ဌာနဆိုင်ရာများ၊ NGO အဖွဲ့များက သင်တန်းနည်းပြများက ကော့သောင်းမြို့ရှိ ကမ်းဝေးငါးဖမ်း/ငါးသယ်ရေယဉ်များမှ ပဲ့နင်းနှင့်ရေလုပ်သားစုစုပေါင်း (၂၀၁) ဦးတို့အား စာတွေ့၊ လက်တွေ့ ပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)