အမြို့မြို့အနယ်နယ်သတင်းများ

Sep 15,2021
ဧရာ၀တီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင် ၊ ဝါးခယ်မမြို့နယ်၌ မြို့နယ်လုံး ကျွတ်ဝါဆိုဝါကပ် တော်မူကြသော သံဃာတော်များနှင့် သီလရှင်များ အားဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဝါးခယ်မမြို့ကွမ်းခြံကုန်းကျောင်းတိုက်၊ အာရောဂျံဓမ္မာရုံတွင် ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 15,2021
ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီအချိန် ရေတာရှည်မြို့ ဆွာမြို့၊ မြို့လှမြို့နှင့် ရေနီမြို့တို့ရှိ အခြေခံပညာ အထက်တန်းကျောင်းတို့၌ စုရပ်နေရာများတွင် ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိသည်။
Sep 15,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ပေါ်ရပ်ကွက်များနှင့် ပုဇွန်‌မြောင်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများ၌ ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖာပွန်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာမိုး ဦးဆောင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကမမောင်းမြို့
Sep 15,2021
တနင်္သာရီတိုင်းဒေသကြီး  ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ အသက်(၅၅)နှစ်နှင့်အထက် ဦးစားပေး အဆင့်လိုက် ပြည်သူများအား (ပထမအကြိမ်) အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စက်တင်ဘာ ၁၆ ရက်နေ့တွင် သက်ဆိုင်စုရပ်နေရာများ၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Sep 15,2021
ကရင်ပြည်နယ်၊ဘားအံမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာ ရမည့်အချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအတွင်း အသိပညာပေး နှိုးဆော်လျက်ရှိကြောင်းသိရသည်။
Sep 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့ နံနက်က သပြေခန်းမတွင် ဆောင်ရွက်ခဲ့သည်။
Sep 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လ အတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား (MCCT) ငွေကြေးထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Sep 15,2021
ဟိုပန်မြို့၌ စက်တင်ဘာလမှ ဒီဇင်ဘာလအထိ အသက်အုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့နံနက်(၁၀)နာရီ အချိန်က ဟိုပန်မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ပြုလုပ်ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရှမာရိနှင့် ဓမ္မစကူး ပရဟိတအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။