အမြို့မြို့အနယ်နယ်သတင်းများ

Sep 19,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ကျေးရွာများတွင် ဦးဆောင်လျက်ရှိသည့် ကျေးရွာ ခေါင်းဆောင်များ၏ ခေါင်းဆောင်မှုစွမ်းရည်မြှင့်မားလာစေရန် Green Growth အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ပညာပေးသင်တန်းနှင့် ကျေးရွာခေါင်းဆောင်မှုသင်တန်းကို ကျေးရွာ (၁၄) ရွာအား ယမန်နေ့က တစ်နေ့တာ ဖွင့်လှစ်သင် ကြားပေးခဲ့ကြောင်း သိရသည်။
Sep 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် (၉) နာရီ အချိန်မှစ၍ လဟယ်မြို့ အ.ထ.က ကျောင်းသီတဂူ‌ဆောင်တွင် ထိုးနှံ ပေးခဲ့သည်။
Sep 19,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေသည့် လူမှုရေးအသင်းအဖွဲ့များသို့ ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် အလှူရှင်များက လှူဒါန်းသည့် အလှူငွေများ၊ ကာကွယ်ရေးသုံး ပစ္စည်းများပေးအပ် လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 19,2021
ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေး နေရပ်ပြန် မြန်မာနိုင်ငံသားများအား အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိသည့် ကော့သောင်းမြို့၊ အေးရိပ်ငြိမ် ရပ်ကွက်၊ ရန်ကြီးအောင် အားကစားရုံ ကွာရတင်းစင်တာသို့ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့(ရေ)ကော့သောင်းမှ အခြေခံစားကုန်ပစ္စည်းများကို ယမန်ရက်နေ့ မွန်းလွဲပိုင်းကလာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
Sep 19,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်တွင် အသက်(၅၅)နှစ်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊ ရွှေ့ပြောင်း လူအုပ်စုများနှင့် ယာယီ စခန်းမှ ပြည်သူလူထုများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား တတိယ အသုတ် (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲ့မြို့ အောင်ဆန်း ခန်းမ၌ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
Sep 19,2021
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို ပထမအကြိမ်မထိုးနှံရသေးသည့် အသက် ၅၅ နှစ်နှင့်အထက် မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာများမှ ပြည်သူများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း ရှိသည်။
Sep 19,2021
ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေများရရှိစေရေးနှင့် သောက်သုံးရေပြတ် လပ်မှု အခက်အခဲများမဖြစ်ပေါ်စေရေးတို့အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် ရေသန့်စင်စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ပြီး ယမန်နေ့၊ နံနက်ပိုင်းက ဝါးတရာကျေးရွာအုပ်စု၊ ဝါးတရာကျေးရွာတွင် ရေသန့်စင်စနစ် အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။