လဟယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

လဟယ် စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် (၉) နာရီ အချိန်မှစ၍ လဟယ်မြို့ အ.ထ.က ကျောင်းသီတဂူ‌ဆောင်တွင် ထိုးနှံ ပေးခဲ့သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံနေမှုကို နာဂဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အတွင်း‌ရေးမှူး ဦးနေမင်းသူနှင့် အဖွဲ့ဝင်များ၊ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ပြီး ကာကွယ်ဆေး ထိုးနှံ‌နေမှုကို ကြည့်ရှုခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို မြို့‌ပေါ်/ရပ်ကွက်(၄)ရပ်ကွက်များနှင့် လဟယ်မြို့နယ် အတွင်းရှိ ဦးတည်အုပ်စု အသက်(၁၈)နှစ်အထက်၊ သက်ကြီးဘိုး ဘွား ပြည်သူများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လဟယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုအနေဖြင့် ပထမအသုတ်တွင် (၁၈၄၇)ဦး၊ ဒုတိယအသုတ်တွင် (၁၀၅)ဦး၊ တတိယအသုတ်တွင် (၂၇၃) ဦး စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးသူဦးရေ (၂၂၂၅) ဦးနှင့် ယနေ့ ထပ်မံထိုးနှံပေးသည့် Sinopharm ကာကွယ်ဆေးမှာ မြို့ပေါ် ရပ်ကွက်၊ ကျေးရွာပေါင်း လူဦးရေ (၁၀၀၀) ဦးအား ဒုတိယအကြိမ် ထိုးနှံပေးသွား မည်ဖြစ် ကြောင်း သိရသည်။

ရှားဆက် (လဟယ်)