Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ငဖဲမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွား (၃၂၈) ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်
Sep 19,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာအုပ်စု (၃၃)အုပ်စုမှ အသက် (၈၅)နှစ်အထက်သက်ကြီးဘိုးဘွား (၃၂၈)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက ရပ်ကွက် / ကျေးရွာများ၌ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်လျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့တွင် အမျိုးသမီးများစွမ်းဆောင်ရည်မြင့်မားရေး အိမ်တွင်းမှုသက်မွေးသင်တန်းဖွင့်လှစ်
Sep 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားရေး အိမ်တွင်းမှု သက်မွေးသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ ရှင်ယွန်းစံခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Sep 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယမန်ရက်နေ့ နံနက် (၉)နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးရာ မြို့ပေါ် အမှတ်(၁၃)၊ (၁၄)၊ (၁၅)၊(၁၆)၊(၁၇)၊(၁၈) ရပ်ကွက်များရှိ အသက်(၅၅)နှစ်အထက် ပြည်သူများနှင့် မသန်စွမ်းသူများ၊ နာတာရှည်ရောဂါသည်များအား ထိုးနှံပေးလျက်ရှိပြီး ကျန်ရှိနေသော ကျေးရွာများမှ ပြည်သူများအား ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးသီးမြို့နယ်၌ မြို့မစည်ပင်သာယာစျေးအတွင်း စျေးရောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံပြီးခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Sep 19,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ မြို့မစည်ပင်သာယာစျေးအတွင်း စျေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချလျက်ရှိသော စျေးရောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံပြီးခြင်း ရှိ/မရှိကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဝင်များက ကွင်းဆင်း စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျေးရွာများရှိ ပြည်သူများအား ကိုဗစ်-၁၉ ပိုး ရှိ၊ မရှိ အခမဲ့ စစ်ဆေးဆောင်ရွက်…
Sep 19,2021
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သရက်အုပ် ကျေး ရွာနှင့် သူဦးလာ ကျေးရွာရှိ ပြည်သူများအား ယမန် ရက်နေ့ နံနက် ၉ နာရီ အချိန်က အဆိုပါ ကျေးရွာ များရှိ သတ်မှတ်စုရပ် နေရာများတွင် ကိုဗစ်-၁၉ ပိုး ရှိ၊ မရှိ Rapid Diagn ostic Test (RDT) ဖြင့် အခမဲ့ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၁၅၇) ကြိမ်မြောက် သစ်သီးဆွမ်း ဆက်ကပ်လှူဒါန်းပွဲကို ကျန်းမာရေး ညွှန်ကြားချက်များနှင့် အညီ ထန်းတပင်မြို့နယ် မြသိန်းတန်ဘုရားကြီးကျောင်းတိုက်တွင် ကျင်းပပြုလုပ်သွား…
Sep 19,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီး ကျောင်းတိုက်တွင် ကိန်းဝပ်စံပယ်တော် မူသော မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သစ်သီးဆွမ်းများ ဆက်ကပ်လှူဒါန်းပွဲကို တော်သလင်းလပြည့်ကျော် (၄) ရက်နေ့နှင့် တော်သလင်းလပြည့်ကျော် (၅) ရက်နေ့ (စက်တင်ဘာ (၂၄) ရက်နေ့နှင့် (၂၅) ရက်နေ့) တို့တွင် (၂) ရက်တိုင်တိုင် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြသိန်းတန်ဘုရားကြီးပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တသုမနထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူများအား ဒုတိယအသုတ် ပထမအကြိမ် ဆက်လက် ထိုးနှံပေး
Sep 19,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးရသေးသည့် ပြည်သူ များအား ကာကွယ် ဆေး ဒုတိယအသုတ် ပထမအကြိမ်ကို ယမန်နေ့နံနက် ၉ နာရီက ဆေးထိုးစုရပ် (၁၀) နေရာ၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်တွင် အသက်(၅၅)နှစ် မှ (၆၄)နှစ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းများ ဆောင်ရွက်
Sep 19,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်း အရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း အိမ်တော်ရာ စေတီတော်ဝင်း အတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယနေ့ (၁၈.၉.၂၀၂၁) ရက်နေ့ နံနက်(၉:၀၀)နာရီ အချိန်တွင် အသက်(၅၅)နှစ်မှ (၆၄)နှစ် အတွင်းရှိ ယောမင်းကြီး ရပ်ကွက်နေ ပြည်သူ (၃၈၅)ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) အား ထိုးနှံပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25486
Page
25487
Page
25488
Page
25489
Current page
25490
Page
25491
Page
25492
Page
25493
Page
25494
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department