ရေစကြို စက်တင်ဘာ ၁၉
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို ပထမအကြိမ်မထိုးနှံရသေးသည့် အသက် ၅၅ နှစ်နှင့်အထက် မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာများမှ ပြည်သူများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ကို ပထမအကြိမ် မထိုးနှံရသေးသည့် ရေစကြိုမြို့နယ်အတွင်းရှိ ရပ်ကွက် ၈ ခု၊ ကျေးရွာအုပ်စု ၈၅ အုပ်စု၊ ကျေးရွာပေါင်း၂၄၅ ရွာရှိ အသက် ၅၅ နှစ်နှင့်အထက် ပြည်သူနှင့်သတ်မှတ်ထားသည့်သူ ၁၉၅၀ ဦးခန့် လာရောက် ထိုးနှံခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇော၊ အဖွဲ့ဝင်ဗိုလ်မှူးညီညီအောင်၊ အဖွဲ့ဝင် ဦးကျော်ဝင်း၊ အတွင်းရေးမှူး ရဲမှူး တင်လတ်နှင့် မြို့မိမြို့ဖများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကျန်းမာရေး ဝန်ထမ်းများပူးပေါင်း၍ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နော်နော် (ချင်းတွင်းသား)