ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အောက်ဆီဂျင်အိုး (၅) လုံးနှင့် Oxygen Concentrator (၃) လုံး ထောက်ပံ့လှူဒါန်း

ဆီဆိုင်   စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင်     ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရှမ်းပြည်နယ် စီမံအုပ်ရေးအဖွဲ့က ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီခွဲခန့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးထင်ကျော်နှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ် စီမံအုပ်ရေးအဖွဲ့၏ ကိုယ်စား အောက်ဆီဂျင်အိုး (၅) လုံးနှင့် Oxygen Concentrator (၃)လုံးတို့ကို ဆက်လက် ပေးအပ်လှူဒါန်းရာ ဆီဆိုင်မြို့ နယ် ပြည်သူ့ဆေးရုံဆရာဝန် ဒေါက်တာ သန်းထွဋ်ဦးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)