အမြို့မြို့အနယ်နယ်သတင်းများ

Sep 19,2021
ရာသီတုတ်ကွေးရောဂါ ဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် အောင်မော်စံစာသင်တိုက်ရှိ သံဃာတော်အရှင်သူမြတ်များနှင့် လူပုဂ္ဂိုလ် အချို့အား ယနေ့နံနက် (၁၀) နာရီတွင် အောင်မော်စံစာသင်တိုက်၌ ရာသီတုတ်ကွေး ကာကွယ ဆေးအား ထိုးနှံပေးခဲ့သည်။
Sep 19,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် နိုင်ငံတေ်မှ တတိယအကြိမ်အဖြစ်ရရှိသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ဖြင့် ကော့သောင်းမြို့၊ မဉ္ဇူသကပြည်သူ့ခန်းမ၌ မြို့နေပြည်သူများအား ယနေ့က ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 19,2021
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ပြည်နယ်ဥဒေချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ် (စစ်တွေ) ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး၊ အငယ်တန်းစာရေးနှင့် ဒုတိယလက်ထောက်ကွန်ပျူတာ လုပ်ဆောင်ရေးမှူး လစ်လပ်ရာထူးနေရာများတွင် ကွန်ပျူတာနှင့် လူတွေ့စာမေးပွဲ ဖြေဆိုနေမှုအား လှည့်လည် ကြည့်ရှုအားပေးကြသည်။
Sep 19,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့ပေါ် ရပ်ကွက်(၁)၊(၂)နေ အသက်(၄၀)နှစ် အထက် ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးရ‌သေးသည့် ပြည်သူများကို ပထမအကြိမ်ထိုးနှံပေးခြင်း ကို ယနေ့နံနက် ၉ နာရီအချိန်က ရပ်ကွက်(၁)၊ တရုတ်ဘုံခန်းမတွင် ထိုးနှံပေးခဲ့သည်။
Sep 19,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက်၊ မြို့တော်ခန်းမတွင် သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်အထက် အဘိုးအဘွားများ ၊ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဦးစားပေး အုပ်စုအလိုက်ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းက ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 19,2021
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ လျင်မြန်ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၅ နာရီက မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ မြို့တွင်း လူစည်ကားသည့်နေရာများနှင့် လမ်းဆုံလမ်းခွနေရာတို့တွင် လိုက်လံနှိုးဆော်​သည်။
Sep 19,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ အသက် (၁၈) နှစ်နှင့်အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအား စုရပ်များခွဲ၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၈) နာရီ (၃၀) မိနစ်အချိန်ခန့်မှ စတင်၍ စုရပ် ၃ ခုခွဲ၍​ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 19,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ဒီပဲယင်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မိုးစပါးသီးနှံများ အထွက်နှုန်းတိုးတက်ရေးနှင့် မိုးနှောင်းချည်မျှင်ရှည်ဝါသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် တောင်သူနည်းပညာပေး သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။