ကော့သောင်း စက်တင်ဘာ ၁၉
ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေး နေရပ်ပြန် မြန်မာနိုင်ငံသားများအား အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိသည့် ကော့သောင်းမြို့၊ အေးရိပ်ငြိမ် ရပ်ကွက်၊ ရန်ကြီးအောင် အားကစားရုံ ကွာရတင်းစင်တာသို့ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့(ရေ)ကော့သောင်းမှ အခြေခံစားကုန်ပစ္စည်းများကို ယမန်ရက်နေ့ မွန်းလွဲပိုင်းကလာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ထောက်ပံ့ပေးအပ်မှုတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေး အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိသည့် ထိုင်းနိုင်ငံအတွင်း အကြောင်း အမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီးပြန်လည် လွှတ်မြောက်လာသည့် မြန်မာနိုင်ငံသားများ စားသောက်ရေးကိစ္စ အဆင်ပြေစေရေး ရည်ရွယ်ကာ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့(ရေ)ကော့သောင်းမှ တပ်မှူး ဗိုလ်မှူးကျော်သိင်္ဂါထွန်းနှင့်တပ်ဖွဲ့ဝင်များက အခြေခံစားကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ကြက်ဥနှင့် ရွှေဖီဦး tea mix များအား လာရောက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။
ကျော်စိုး