အမြို့မြို့အနယ်နယ်သတင်းများ

Sep 19,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် အလှူရှင်မိသားစုမှ လှူဒါန်းသည့် အောက်ဆီဂျင်စက်မှာ ယာယီထားရှိ အောက်ဆီဂျင် ထုတ်လုပ် သည့်နေရာမှ အမြဲတမ်းထားရှိမည့် နေရာသို့ ယမန်ရက်နံနက် ၁၀ နာရီကရောက်ရှိခဲ့ကြောင်းသိရသည်။
Sep 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ရှိကျေး ရွာ(၂)ရွာတွင် ယနေ့နံနက်ပိုင်းက ဧရာဝတီမြစ်ရေနှင့်ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ကြောင်းသိရ သည်။
Sep 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် တောင်သူနည်းပညာပေးသင်တန်းနှင့် စိုက်ပျိုးရေး သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရွှေဘိုမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ရှင်ယွန်းစံခန်းမတွင် ကျင်းပသည်။
Sep 19,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလုံးဝမထိုး ရသေးသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းအား ယနေ့နံနက် ၉ နာရီက နမ့်စန်(အထက)၊ မြို့မ(အထက)နှင့် အမှတ်(၃)ရပ်ကွက်အလကခွဲ ကျောင်းတို့တွင် ကာကွယ်ဆေး ထိုးစုရပ်များဖွဲ့၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 19,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာ မြိတ်-တနင်္သာရီ ကားလမ်းမဘေးတွင် ပြည်သူများအတွက် လေဘေးအန္တရာယ်များကို ကြိုတင် ကာကွယ်နိုင်ရေးနှင့် ဖြစ်ပွားလာပါက ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိစေရန် ရည်ရွယ်ချက်ဖြင့် ယနေ့နံနက်ပိုင်းက ပညာပေးမြေစိုက် ပိုစတာကို ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ စိုက်ထူခဲ့ကြသည်။
Sep 19,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် မိုးကြိုး၊ ဒါန်းပင်နှင့် ကြိုးကြာကျေးရွာတို့တွင် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၄၀) စခန်းမှ ကောက်စိုက်စက်ဖြင့် တောင်သူအကျိုးပြု မိုးစပါး ၂၅၀ ဧကကို ဩဂုတ်လ ဆန်းပိုင်းက စတင်၍ စိုက်ပျိုးပေးခဲ့ရာ ယခုအခါ ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။
Sep 19,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြား၊ ၆၅ လမ်း၏ အရှေ့ဘက်တွင် အများပြည်သူသွားလမ်းမပေါ်၌ ယနေ့နံနက် ၈ နာရီခွဲခန့်က လုံးပတ် (၂) ပေပတ်လည်ခန့်၊ အမြင့်ပေ(၃၀)ခန့်ရှိ သန္နပ်ပင်တစ်ပင်မှာ အောက်ခြေအမြစ်များ‌ဆွေးမြေ့ပြီး လဲပြိုကျခဲ့သဖြင့် လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Sep 19,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ယမန်ရက် ည ၁၁ နာရီခန့်မှစတင်၍ မိုးများသည်းထန်းစွာ ရွာသွန်းခဲ့မှုကြောင့် မြောက်ချောင်း ရေပြည့်ရေလျှံကာ ကန့်ဘလူ- ကျွန်းလှ လမ်းပိုင်း ကန့်ဘလူမြို့နယ် လိတ္ထူကျေးရွာ မြောက်ဘက် မိုင်တိုင်အမှတ် ၁၉ /၄ နှင့် ၁၉ /၆ အကြား ကာလမ်းမပေါ် ရေကျော်လျက်ရှိကြောင်းသိရသည်။