Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျိုက်ဒုံမြို့၌ အသက်(၅၅)နှစ်နှင့်အထက် ဦးစားပေးအုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းများဆောင်ရွက်
Sep 16,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ (အ.ထ.က)ကျောင်းတွင် ယနေ့နံနက် ၉ နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်၊ တိုက်နယ်ဆရာဝန်ဒေါက်တာမန်းမင်းနိုင်ဦးနှင့် ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ကျိုက်ဒုံမြို့ပေါ်နှင့် ကျေးရွာများတွင် နေထိုင်သည့် အသက်(၅၅)နှစ်နှင့်အထက် ဦးစားပေးအုပ်စုများဖြစ်သည့် မသန်စွမ်း၊ EAOs အဖွဲ့များ၊ သံဃာ့တော်များ၊ ဒေသတွင်နေထိုင်သည့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ်တွင် အသက် ၅၅ နှစ်အထက်ရှိသူများ၊ မသန်စွမ်းသူများအား ကိုဗစ် -၁၉ ကာကွယ်ဆေး ပထမနေ့ စတင်ထိုးနှံပေး
Sep 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အသက် ၅၅နှစ်နှင့်အထက် ရှိသူများ၊ မသန်စွမ်းသူများ၊ ကူးစက်ရောဂါ မဟုတ်သည့်နာတာရှည်ရောဂါ ဖြစ်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ ပေးခြင်းကို ယနေ့နံနက် ၉ နာရီက ပေါင်းတည် မြို့နယ်အတွင်းရှိ သတ်မှတ်ထားသော ဆေးထိုးစုရပ်များ၌ ပထမနေ့အဖြစ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Sep 16,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်းရှိ အသက် ၅၅ နှစ်မှ ၆၅ နှစ်အတွင်း ရှိပြည်သူများ၊ မသန်စွမ်းသူများ၊ ရောဂါအခံရှိပြီး ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံသင့်သူများအား ပထမအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ယနေ့ နံနက် ၉ နာရီက ပုလောမြို့နယ် ခန်းမ၌ စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ်တွင် လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ ငွေများပေးအပ်
Sep 16,2021
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် စက်တင်ဘာ ၁၁ ရက်နေ့က လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၄၄ လုံး ထိခိုက်ပျက်စီးပြီး အဆိုပါလေဘေးသင့် အိမ်ထောင်စုများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဧည့်ခန့်မ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူအသစ်(၁၁)ဦး တွေ့ရှိ၊ ပိုးတွေ့သူ စုစုပေါင်း(၁၂၃၃)ဦးထိရှိလာပြီဖြစ်
Sep 16,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း စတင်ဖြစ်ပွားသည့် ဇွန်လ(၃၀)ရက်နေ့မှယမန်နေ့ထိပိုးတွေ့လူနာ ပေါင်း(၁၂၃၃)ဦးရှိပြီး ယမန်နေ့ထိကိုဗစ်-၁၉ ရောဂါလက္ခဏာများ ကုသပျောက်ကင်း၍ နေအိမ်သို့ပြန်ခွင့်ရသူ စုစုပေါင်း (၁၀၆၉)ဦးထိ ရှိလာပြီဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများ
Sep 16,2021
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းများကို မြို့ပေါ်၊ ရပ်ကွက်များ သာမက ကျေးရွာများအထိ သတ်မှတ်စုရပ် များ အလိုက် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသော်လည်း ပြန်လည် ကောင်းမွန်လာသည့်သူများ၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ရပါသည်-
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနှင့် စကောကရင် နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Sep 16,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာ၊ စကောကရင်ဘာသာတို့ဖြင့် ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့်လမ်းဆုံလမ်းခွများတွင် အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့၌ ဦးစားပေးအဆင့်လိုက်ပြည်သူများအား တတိယအသုတ်(ပထမအကြိမ်)ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးမည်
Sep 16,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ၊မြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက် (၅၅)နှစ်မှ အသက် (၆၄)နှစ်နှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား တတိယအသုတ် (ပထမအကြိမ်)ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို စက်တင်ဘာ ၁၇ ရက်နေ့ မှ ၁၈ ရက် နေ့အထိ နံနက်၉နာရီမှစ၍ ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနရုံး၊ ရွှေသီလာ ရတနာခန်းမတွင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25489
Page
25490
Page
25491
Page
25492
Current page
25493
Page
25494
Page
25495
Page
25496
Page
25497
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department