မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့်စွန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိ

မြို့သစ် စက်တင်ဘာ ၂၁

 

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့်စွန်ဆည်ရေလှောင်တ မံသည်  ယနေ့နံနက်ပိုင်း တွင် ရေပြည့်အမှတ်ထက်ကျော်လွန်၍ ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။

 

အဆိုပါ  စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၂၆ ဒသမ ၆၀ )ပေဖြစ်၍ ရေပြည့်အမှတ်ထက် (တစ်ဒသမခြောက်ပေခန့်)ရေကျော်ကျလျက်ရှိကာ  ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့် အမှတ်သည် ( ၅၆၀ ဒသမ  ၅၀ )ပေဖြစ်ပြီး  လက်ရှိရေမှတ်မှာ (၅၆၂ ဒသမ ၄၀ )ပေရှိသဖြင့် ရေပြည့်အမှတ်ထက် (တစ် ဒသမ ကိုးပေခန့်) ဆက်လက်ရေကျော်ကျ လျက်ရှိကြောင်း သိရသည်။

 

ဆည်များ၏ ရေပိုလွှဲမှ ရေကျော်ကျမှုကြောင့်  ဆည်အောက်ပိုင်းရှိ   ကျေးရွာနေပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆည်အနီးအနားရှိ  ကျေးရွာများတွင် အရေးပေါ်အခြေအနေအ ဆင့်()အဖြစ်  အစိမ်းရောင် အလံစိုက်ထူ၍ ဆက်လက်အသိပေးနှိုးဆော်ထားကြောင်း  မြို့နယ်ဆည် မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။

 

ဝင်းအိဇွန် (ပြန်/ဆက်)