နွားထိုးကြီး ၊ စက်တင်ဘာ ၂၁
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက် စပ်သူများ၊ ဖျားနာခြင်း၊ အသက်ရှုကြပ်ပြီး၊ ချောင်းဆိုးခြင်းတို့ကြောင့် နွားထိုးကြီး မြို့နယ်၊ ပဲချက်ကျေးရွာ၊အထကတွင် အနံ့ပျောက်၍ဖျားနေသူ (၇၀)ဦးကို စစ်ဆေးရာ (၁၉)ဦးတို့တွင် ပိုးတွေ့ပြီးဆက်လက် ၍ ရွာကြီးကျေးရွာ၊ အထကတွင်လည်း (၅၅)ဦးကို စစ်ဆေးခဲ့ရာ(၂၁)ဦးကို (RDT ) ဖြင့်ယမန်နေ့ ညနေ ၃နာရီအချိန် တွင်စစ် ဆေးရာ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံ တွေ့ရှိကြောင်းသိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ(၁၉)ဦးတို့သည် အမှတ်(၄)ရပ်ကွက်မှ (၁)ဦး နဘဲမြစ်ကျေးရွာမှ(၁)ဦး၊ ရွာသစ်ကျေးရွာမှ (၂၁)ဦး တို့နေမကောင်းပြီး အနံ့ပျောက် နေသဖြင့် နွားထိုးကြီးမြို့နယ် ၊ပြည်သူ့ ဆေးရုံတွင် (RDT )ဖြင့် စစ်ဆေးရာကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ရှိ သဖြင့်နွားထိုးကြီးမြို့၊ပြည်သူ့ဆေးရုံ အထူးကုသဆောင် မြို့နယ် အားကစား ခန်းမ၊ မိခင်ကလေး ၊မြိုမ- အထက၊မြို့ရှေ့-အမက၊ရွာကြီး အထက နေအိမ် တွင်း သီးသန့် ထားရှိ၍ ဆေးဝါး ကုသပေး လျက်ရှိကြောင်း သိရ သည်။ နွားထိုးကြီး မြို့ ပြည်သူ့ဆေး ရုံ တွင်ရောဂါပျောက်ကင်း သဖြင့် ဆေးရုံ မှဆင်းခွင့်ရသူ (၂၄၁၀) ဦး၊ဆေးရုံတက် ကုသသူ (၂၇၄၈) ဦး၊သေဆုံးသူ(၄၆)ဦး၊ လက်ရှိဆေး ကုသမှုခံယူသူ(၂၉၂)ဦးရှိကြောင်း သိရ သည်။
သန်းအောင်ဇော်