မြင်းခြံခရိုင် တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ၇ ဦးထပ်မံတွေ့ရှိ

တောင်သာ စက်တင်ဘာ ၂၁

       

မန္တလေးတိုင်းဒေသကြီး  မြင်းခြံခရိုင်  တောင်သာမြို့နယ်အတွင်းရှိ မကြီးကုန်း ကျေးရွာ မှ မ(၂)ဦး၊ အောင်ချမ်း သာကျေးရွာမှ မ(၂)ဦး၊ ကျောက်ချောကျေးရွာမှ မ(၁)ဦး၊ အရာတော်ကျေးရွာမှ မ(၁)ဦး၊ ဇဂျမ်းကျေးရွာမှ မ(၁)ဦးတို့ သည်ဖျားနာပြီး အနံ့မရသဖြင့် COVID-19 ရောဂါသံသယရှိသဖြင့်မြို့ နယ်ပြည်သူ့ဆေးရုံ၌ RDT Kit  ဖြင့်စစ်ဆေးခဲ့ရာ   COVID-19   ရောဂါပိုးတွေ့ရှိခဲ့သည်။

       

အဆိုပါပိုးတွေ့ လူနာ(၇)ဦးအား တောင်သာမြို့ ပြည်သူ့ဆေးရုံ၊ မင်းစု(အထက) ၊မြို့နယ်အာကာခန်းမ၊ ရုံးစည်ကြီး တိုက်နယ်ဆေးရုံ၊ ကျောဇီတိုက်နယ်ဆေးရုံများ သီးသန့် ဆောင်တွင်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

တောင်သာမြို့တွင် COVID-19  ရောဂါ ပိုးတွေ့လူနာစုစုပေါင်း(၁၅၃၂)ဦးရှိပြီး ဆေးရုံဆင်းသူ(၁၃၉၄) ဦးနှင့် သေဆုံး သူ(၅၃)ဦးရှိကြောင်းသိရသည်။                    

 

ကျော်မျိုးနိုင်(တောင်သာ)