ငါန်းဇွန်မြို့နယ်တွင် ဦးစားပေးအုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ငါန်းဇွန်    စက်တင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ကျန်းမာရေးဝန်ကြီး ဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုအလိုက် ဩဂုတ် (၃၀)ရက်နေ့မှစ၍ နေ့စဉ် နံနက်၉နာရီမှ ၁၁နာရီအချိန်အထိ မြို့နယ်အတွင်းရှိ ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ ပေးလျှက်ရှိ ကြောင်း သိရသည်။

ထိုသို့ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေးရာ ယမန်နေ့က မြို့မဇုံမှ (-)ဦး၊ ခြင်္သေ့လက်ဇုံမှ (-)ဦး၊ သားကျင်ဇုံမှ (၅)ဦး၊  မြို့သာဇုံမှ (၄)ဦးနှင့် ငါန်းမြာဇုံမှ (-)ဦး မြို့နယ်အတွင်း ဇုံ(၅)ဇုံမှ သတ်မှတ်ဦးစားပေးအုပ်စုအလိုက်(၉)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက် ကြသော သတ်မှတ် ဦးစားပေးအုပ်စုအလိုက် လူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာ ရေးအဆင်ပြေစေရန် ကူညီဆောင်ရွက်ပေး လျှက်ရှိပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျှက်ရှိရာ ဩဂုတ် ၃၀ရက်နေ့မှ စက်တင်ဘာ ၂၀ရက်နေ့အထိ မြို့နယ်အတွင်းရှိ ဇုံ(၅)ဇုံမှ (၆၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများနှင့် သတ်မှတ်ဦးစားပေး အုပ်စုအလိုက် (၄၂၄၃)ဉီး ထိုးနှံပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့်  သတ်မှတ်ဦးစားပေး အုပ်စု အလိုက် ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။            

သက်နောင်ဦး(ငါန်းဇွန်)