တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ လျှော့ပါးသက်သာလာစေရန် အသိပညာပေးနှိုးဆော်မှုများပြုလုပ်

တောင်သာ စက်တင်ဘာ ၂၁

မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများလျှော့ပါး သက်သာလာစေရန်၊ အကောင်းဆုံကာကွယ်ဖို့ နည်းလမ်းများ သိရှိစေရန်ရည်ရွယ်၍  ယနေ့နံနက်(၁၀)နာရီအချိန်တွင် ဘူတာကုန်းရပ်ကွက်သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ ကြောင်းသိရသည်။

 အဆိုပါနှိုဆော်ချက်များတွင် ကိုဗစ်-၁၉ ရောဂါလျော့ပါးသက်သာစေရန်အတွက် ကျန်မာရေးဦးစီးဌာနသို့ သွားရောက်ပြ သရန်၊ အသက်ကြီးတဲ့သူတွေ၊ နှလုံးရောဂါ၊  ဆီးချိုရောဂါ၊  အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိတဲ့သူတွေ  ကိုယ်ခံအားနည်း တဲ့ သူတွေအတွက်  ပိုပြီးအန္တရာယ်များကြောင်းနှင့် ရောဂါအကောင်းဆုံး ကာကွယ်ဖို့ နည်းလမ်းတွေ ကတော့ စနစ်တကျ လက်မဆေးပဲမျက်စိ၊နှာခေါင်း၊ပါးစပ်တို့ကို လက်ဖြင့်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ၊ တက်နိုင် သလောက် မိမိလက်နဲ့ မျက်နှာ ကိုမထိတွေ့စေဖို့သတိပြုပါ၊  သန့်ရှင်းလက်ဆက်တဲ့  အစားအစာကိုရွေးချယ် စားသုံးပါ၊  အစားအသောက်များကို ကျက်အောင်ချက်ပြုတ်စားသုံးပါ    ကျန်းမာရေး ဝန်ကြီးဌာနက   အချိန်နဲ့ တပြေးညီ ထုတ်ပြန်တဲ့ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးကြဖို့နဲ့ ပြည်သူအားလုံးပူးပေါင်းပါဝင် ဆောင်ရွက် ကြရန်တိုက်တွန်းနှိုဆော်ခဲ့ကြောင်းသိရသည်။

တောင်သာမြို့နယ်  ရပ်ကွက်များသို့  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူးဦးရဲဝင်းအောင်နှင့် ဝန်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် တိုင်းရင်းသား ဘာသာစကားဖြင့် လည်းပြည်သူ များအတွက်အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)