တပ်ကုန်းမြို့နယ်၌ အသက်(၅၅)နှစ်အထက်နှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ဖြစ် သတ္တမရက်ထိုးနှံပေး

တပ်ကုန်း             စက်တင်ဘာ      ၂၂

နေပြည်တော်တပ်ကုန်းမြို့နယ်တွင် အသက်(၅၅)နှစ်အထက်နှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးထိုးအဖွဲ့၊တပ်ကုန်းတပ်နယ်မှ ဆေးထိုးအဖွဲ့တို့ဖြင့် ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ဖြစ် သတ္တမရက်ထိုးနှံခြင်းကို စက်တင်ဘာ ၂၂ရက် နံနက်ပိုင်းက တပ်ကုန်းမြို့၊အောင်ဇေယျရပ်ကွက်၊ အမှတ်()အခြေခံပညာအထက် တန်းကျောင်းနှင့် ရွှေမြို့ကျေးရွာအုပ်စုရှိ အမှတ်()အခြေခံပညာအထက်တန်းကျောင်းဝန်းတို့၌  ကာကွယ်ဆေးထိုးစုရပ်တွင်  ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမှာ Sinopharm အမျိုးအစားဖြစ်၍ ကာကွယ်ဆေး အလုံးရေ(၁၆၀၆)လုံး ရရှိပြီးနောက် ဒုတိယအကြိမ် ကာကွယ်ဆေး အလုံးရေ (၁၀၀၀)လုံးထပ်မံရရှိပြီး၊  ပထမရက်တွင် ထိုးနှံသူပေါင်း(၄၉၇)ဦး၊ ဒုတိယရက်တွင် ထိုးနှံသူပေါင်း (၅၃၅)ဦး၊ တတိယရက်တွင် ထိုးနှံသူပေါင်း(၁၁၄၄)ဦး၊ စတုတ္ထရက်တွင် ထိုးနှံသူပေါင်း (၁၀၁၅)ဦး၊ ပဉ္စမရက်တွင် ထိုးနှံသူပေါင်း(၉၁၀)ဦး၊ ဆဌမရက်ထိုးနှံသူပေါင်း (၁၁၀၃)ဦး၊ ကာကွယ်ဆေး လာရောက် ထိုးနှံသူ စုစုပေါင်း(၅၂၀၄)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။ အဆိုပါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပါဝင်ကူညီဆောင်ရွက်ပေးကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ  လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

တင်စိုးလွင်