မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း ဆောင်ရွက်

ဝေါလေမြိုင် စက်တင်ဘာ ၂၂

 

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက် ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသက်(၅၅)နှစ်အထက်၊ နာတာရှည် / မကူး စက်နိုင် သော ရောဂါဝေဒနာရှင်များ၊ မသန်စွမ်းသူများနှင့် EAO အဖွဲ့ဝင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ဝေါလေမြိုင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ကျန်မာရေးဌာနမှဝန်ထမ်းများနှင့် တပ်မတော်ဆေးတပ်ဖွဲ့တို့ပူးပေါင်း၍ နိုင်ငံ တော်မှ ချမှတ်ထားသည့် လုပ်ငန်းစဉ် သတ်မှတ်စည်းကမ်းများနှင့်အညီ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးများ ထိုးနှံပေးခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် အသက်(၅၅)နှစ်အထက်၊ နာတာရှည် / မကူး စက်နိုင်သော ရောဂါဝေဒနာရှင်များ၊ မသန်စွမ်းသူများနှင့် EAO အဖွဲ့ဝင် စုစုပေါင်း ၉၀ ဦးအား ထိုးနှံ ပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည် ဖြစ် ကြောင်း သိရသည်။

 

နိုင်မျိုးသင်း