ထားဝယ်မြို့တွင် ဆေးဝါး၊ ဆေးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများနှင့် သင့်တင့်သော စျေးနှုန်းမှန်ဖြင့် ရောင်းချ နိုင်ရေးကြည့်ရှုစစ်ဆေး

ထားဝယ်  စက်တင်ဘာ ၂၂

ကိုဗစ်-၁၉ ကာလတွင် စျေးကွက်အတွင်း ကာကွယ်၊ ကုသရေး၊ ဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ သင့်တင့်သော စျေးနှုန်းမှန်ဖြင့် ရောင်းချနိုင်ရေး သတ်မှတ်အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်စေရေးတို့အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ က ထားဝယ်မြို့အတွင်း ဆေးဆိုင်များအား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် တနင်္သာရီတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များနှင့် တိုင်းဒေသ ကြီးစားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများတို့က ထားဝယ်မြို့ရှိ ဆေးဆိုင်များ အားကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်ရောင်းချရန် အသိပညာပေးခဲ့သည်။

ဆက်လက်၍ ဆေးဝါးဝယ်ယူသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထူးဂရုပြုကြရန်နှင့် တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာမှ ဝယ်ယူရန် အသိပညာပေးခဲ့ပြီး လုံခြုံစိတ်ချရသော ဆေးဝါးများဝယ်ယူသုံးစွဲနိုင်ရေး သိကောင်စရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ကျော်လတ်(ထားဝယ်)