ကျိုက်ဒုံ စက်တင်ဘာ ၂၂
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့လှူဒါန်းသည့် ဆွမ်း၊ ဆန်စိမ်းများကို ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး (ကိုယ်စား) ကော့ကရိတ် ခရိုင်၊ ကျိုက်ဒုံမြို့ အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့် ဌာနဆိုင်ရာ များမှ ယနေ့နံနက် ၁၀ နာရီက ကျိုက်ဒုံမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်း (၅) ကျောင်း၊ ကျေးရွာ များရှိ ဘုန်ကြီး ကျောင်း (၃၀) ကျောင်းအတွက် ဆွမ်း၊ ဆန်စိမ်းများ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် တိံဿရာမစာသင်တိုက် တောင်ပေါ်ကျောင်းဆရာတော် ဦးဝိဇ္ဇာတီဿထံတွင် ငါးပါးသီလခံယူခြင်း၊ ပရိတ်တရားတော်များ နာကြားခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက ဆွမ်း၊ ဆန်စိမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)