မြောင်းမြမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများအား အသံချဲ့စက်ဖြင့် လှည့်လည်ကြော်ငြာ

မြောင်းမြ စက်တင်ဘာ ၂၂

ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့် ပွားမှုကိုလျော့နည်းစေပြီး ထိရောက် စွာကုသထိန်းချုပ်ကာကွယ်နိုင်ရေး ရည်ရွယ်၍ ယမန်နေ့ ညနေက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အသံချဲ့စက်ဖြင့် လှည့်လည်ကြော်ငြာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများမှ ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာ နကထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ အတတ်နိုင်ဆုံး မိမိအိမ်တွင်သာနေထိုင်ရန်၊ အပြင်သို့ မဖြစ်မနေ ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ပြီးမှ သွားရောက်ရန်၊ လူစုလူဝေး သွားရောက်ခြင်းမှရှောင် ကြည်ရန်၊ တစ်ဦးနှင့်တစ်ဦး စကားပြောဆိုရာတွင် ()ပေအကွာမှပြောဆိုရန်၊ နှာခေါင်းစည်း(Mask) မတပ်သူများနှင့် စကားပြော ခြင်း၊ တွေ့ဆုံခြင်းနှင့်စျေးဝယ်ခြင်းများမှရှောင်ကြည်ရန်၊ အသုံးအဆောင် ပစ္စည်းတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့်(၂၀) ကြာဆေးကြောရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်းမပြုလုပ် ကြရန်စသည့် အသိပညာပေးလုပ်ငန်းများကို ပြည်သူများမှ သိရှိလိုက်နာစေရေး မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်များဖြင့် လှည့်လည်ကြော်ငြာပေးလျက်ရှိကြောင်း သိရသည်။

ကေခိုင်စိုး(မြောင်းမြခရိုင်ပြန်/ဆက်)