ဒေးဒရဲ စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိပြည်တော်သာလမ်းမအား တိုင်းဒေသကြီးအထွေ ထွေပိုလျှံငွေ(GRF)ဖြင့် လမ်းဘေးဝဲယာကွန်ကရစ်တိုးချဲ့ခင်းခြင်းကိုယမန်နေ့က စတင်ဆောင်ရွက် လျှက် ရှိကြောင်း သိရသည်။
အဆိုပါပြည်တော်သာလမ်း ကွန်ကရစ်တိုးချဲ့ခြင်းလုပ်ငန်း ကိုခန့်မှန်းကုန်ကျငွေကျပ် (၂၆၈)သိန်းဖြင့်အရှည်(၁၄၂၀)ပေနှင့် ထု(၆)လက်မရှိ လမ်းဘေးဝဲယာ(၄)ပေတိုးချဲ့ခြင်းလုပ်ငန်းကို ယမန်နေ့မှ စတင်၍ သတ်မှတ်စံချိန်စံနှုန်းများဖြင့် အရည်အသွေးပြည့်မီရေး မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ အမှုဆောင်အရာရှိဦးဝဏ္ဏထွန်း၊ တာဝန်ခံအင်ဂျင်နီယာ ဒေါ်သီတာစိုးတို့မှ ကြီးကြပ်၍ ဆောင်ရွက်လျှက် ရှိကြောင်းသိရသည်။
အေဇာလင်း၊ပြန်/ဆက်