အမြို့မြို့အနယ်နယ်သတင်းများ

Sep 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ-ထ-က ရွှေသောင်ယံ စာသင်ကျောင်း ၌ စုရပ်ပြုလုပ်၍ ယနေ့ နံနက် ၉ နာရီအချိန် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 27,2021
ဟုမ္မလင်းမြို့နယ်၌ မိုးစပါးအထွက်နှုန်းတိုးတက်ရေးအတွက် အထွက်ကောင်း မျိုးများ အသုံးပြုခြင်း သိပ္ပံနည်းကျ စိုက်ပျိုးနည်း စနစ်များ လိုက်နာ ကျင့်သုံးစိုက်ပျိုးခြင်း ဘက်စုံ ပိုးမွှားရောဂါ ကာကွယ်နည်းစနစ်များ အသုံးပြုဆောင် ရွက်လျက်ရှိရာ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ယနေ့နံနက် (၈) နာရီအချိန်တွင် ခေါင်ခမ်း ကျေးရွာအုပ်စု နားနုံး ကျေးရွာ နားနုံးပါမလုံကွင်း ဦးပိုင်အမှတ် ( ၇၃) တောင်သူ ဦးအောင်စိုးလွင်၏ ဆင်းဧကရီ -၃ မိုးစပါးစိုက်ခင်းတွင် မိုးစပါးဓါတ်မြေသြဇာ ကျဲပက်နည်းစနစ်ကွင်း သရုပ်ပြပွဲ ဆောင်ရွက် ပြသသည်။
Sep 27,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်းရှိ အသက်၅၅နှစ်အထက် ပြည်သူများနှင့်ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီက စတင်၍ မြစ်သားမြို့နယ်လုပ်အားကြေးမုံခန်းမနှင့် ကျေးလက် ကျန်းမာ​ရေးဌာနစုရပ်များ၌ ကာကွယ်ဆေးဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 27,2021
၂၀၂၁ခုနှစ် ၊အောက်တိုဘာ ၁ရက်နေ့တွင်ကျရောက်မည့် (၅၇)နှစ်မြောက်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် စက်တင်ဘာ ၂၆ ရက်နေ့ နေ့လယ်က သံတွဲခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိုးဝင်းဦးဆောင်သော တပ်ဖွဲ့ဝင်များ စုပေါင်း၍သံတွဲခရိုင်ဆေးရုံ သွေးလှူဘဏ်သို့ သွေးအလုံးပေါင်း(၅၀) လှူဒါန်းခဲ့ကြောင်းသိရှိရသည်။
Sep 27,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာစာရေးများနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ကျန်းမာရေးဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၉နာရီက  မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများသို့ ဗမာနှင့် ပိုးကရင်စသည့် တိုင်းရင်းသာဘာသာစကားတို့ဖြင့် လှည့်လည်အသိပညာ ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Sep 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ဇရပ်ဆိပ်အုပ်စု၊ ကွမ်းခြံ ကုန်းကျေးရွာမှ မွေးလူနာအား ယမန်နေ့ ညနေ ၅ နာရီအချိန်တွင် သုံးမွှာပူးကလေးအား မြို့နယ်ဆရာဝန်ကြီးတို့က အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးခဲ့ကြောင်း သိရသည်။
Sep 27,2021
ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးများကို ဦးတည်အုပ်စုအလိုက် ဦးစားပေးထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး(၂)ကြိမ်ထိုးပြီးသူ၏ ဝမ်းသာပီတိရင် တွင်းစကားသံကို အခုလိုဘဲကြားသိခဲ့ရပါတယ်,....
Sep 27,2021
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် စက်တင်ဘာ ၁၄ ရက်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(တတိယအသုတ်) ပထမအကြိမ် ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ကာကွယ်ဆေးတစ်ကြိမ်တစ် ခါမျှမထိုးနှံရသေးသူများအား ဦးစားပေးအုပ်စုအလိုက် ယနေ့နံနက်တွင်လည်း ဆေးထိုး စုရပ် အသီးသီး ၌ ဆေးထိုးကာလ (၁၂)ရက်အတွင်း (၂၀၇၇၆)ဦးအားထိုးနှံပေးပြီးဖြစ် သည်။