အမြို့မြို့အနယ်နယ်သတင်းများ

Sep 27,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ် နိုင်ရေးနှင့် ကြိုတင်ကာကွယ်ရန် ရည်ရွယ်၍ အသိပညာပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့အသိပေးပန်ကြားချက်များကို ဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြ စေရန်အတွက် ကရင်၊မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများကို ယနေ့ နံနက်ပိုင်းတွင် ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
Sep 27,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့ချနိုင်ရေးအတွက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ အခမဲ့ ကွင်းဆင်းစစ်ဆေးပေးခြင်းကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နောင်ကုန်ကျေးရွာအုပ်စုတွင် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
Sep 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် စက်တင်ဘာလ (၂၅)ရက်နေ့နှင့် (၂၆)ရက်‌‌နေ့က ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရာတွင် ပိုးတွေ့လူနာ  (၁၆)ဦး တွေ့ရှိရပြီး ဆေးရုံမှ ဆင်းသူ(၂၂)ဦး ရှိကြောင်း သိရသည်။
Sep 27,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့်ရောဂါကြောင့် သေဆုံးမှုကိုလျှော့ချစေရန်၊ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန် ရည်ရွယ်၍ အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ရှမ်းရွာသစ်မြို့တိုက်နယ်ဆေးရုံတွင် ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရှိရသည်။
Sep 27,2021
ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ယမန်နေ့အထိ အနံ့ပျောက် ၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူ (၇၁) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၁၈) ဦး ပိုးတွေ့ရှိပြီး ပိုးတွေ့လူနာသစ် (၁၈)ဦးမှာ Positive ဖြစ်ပါသဖြင့် ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် (၁၂)ဦး၊ ဖားဆောင်းမြို့နယ်ရှိ (PMC) တွင်(၄) ဦး၊ လိုခါးလိုတိုက်နယ်ဆေးရုံတွင်(၂)ဦး ထားရှိကုသ ပေးလျက်ရှိကြောင်း သိရှိရသည်။
Sep 27,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အသက်(၅၅)နှစ် နှင့်မှ (၆၄)နှစ်ကြား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးတစ်ကြိမ်မျှ ထိုးနှံခြင်း မရှိသေးသည့် ပြည်သူများအား ယနေ့နံနက်(၉)နာရီက ပထမအကြိမ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျှက် ရှိကြောင်းသိရသည်။
Sep 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ မဂူကျေးရွာအုပ်စု၊ ပိုးလောင်း ချောင်းတွင်း ကျေးရွာတွင် စက်တင်ဘာ(၂၄)ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံး ပြိုကျ ပျက်စီးခြင်းနှင့် စက်တင်ဘာ(၂၃)ရက်နေ့လည်း အလားတူလေပြင်းတိုက်ခတ်မှုကြောင့် ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ချောင်းဗြဲကြီးကျေးရွာတွင် နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ရာ ၎င်းလေဘေးသင့် အိမ်ထောင်စုဝင်များ၏ လက်ဝယ် အရောက် ယမန်နေ့ မွန်းလွဲပိုင်းတွင် မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 27,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် ယမန်နေ့က ဝမ်ပုံကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ထပ်ဟိုဖိုင်စေတီတော် ပရဝုဏ်အတွင်း၌ နဂါးရုံဘုရား ပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှု ကြည်ညိုခဲ့ကြောင်း သိရသည်။