အမြို့မြို့အနယ်နယ်သတင်းများ

Sep 27,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများ၊ မြို့ပေါ် ရပ်ကွက် စာရေးဝန်ထမ်းများက အသံချဲ့စက်ဖြင့် မြန်မာဘာသာ၊ ပိုးကရင်ဘာသာ၊ စကောကရင် ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့သည်။
Sep 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် ဆောင်ရွက်ပေးနေမှုနှင့် ပတ်သက်၍ အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အတွက် ယနေ့ နံနက် ၉ နာရီအချိန်တွင် ဗိုလ်ချုပ်လမ်းဆုံနှင့် မြို့အဝင်အထွက် နေရာများ၌ အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခဲ့ကြောင်း သိရသည်။
Sep 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစားရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ရက်ကွက်နှင့်ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက နမ့်ယွန်းကျေးရွာ အုပ်စုသို့ ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Sep 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)အောက် ကလေးများ အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအား အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ပြုလုပ်သည်။
Sep 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို စက်တင် ဘာလ ၂၆ ရက်နေ့ထိ ရပ်ကွက်၊ကျေးရွာများတွင် အခမဲ့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့တို့မှ လာရောက်ကြည့်ရှု့အားပေးခဲ့သည်။
Sep 27,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ကျေးလက်ဒေသများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဖြစ်လာ နိုင်မှုများကို လျှော့ချနိုင်ရန် ယမန်နေ့က ကျေးရွာများတွင် ကျေးလက်နေပြည်သူများအား ကိုဗစ်ရောဂါ ရှိမရှိ စစ်ဆေးရှာဖွေဖော်ထုတ်၍ ပိုးတွေ့ရှိသူကို ဆေးကုသမှုခံယူရန် ဆေးရုံသို့ အချိန်မီလွှဲပို့ပေးခဲ့ကြောင်း သိရသည်။
Sep 27,2021
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွား လမ်း လာ ပြည်သူများအား စက်တင်ဘာ ၂၆ ရက်နေ့ နံနက် ၉ နာရီ အချိန်က မြို့သူကြီးရပ်ကွက် ၊ အ.မ.က ခွဆုံပြင် (မူလွန်) စာသင်ကျောင်းရှေ့တွင် ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagnostic Test (RDT) ဖြင့် အခမဲ့ ကွင်းဆင်း စစ်ဆေးခဲ့ကြရာ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များက လာရောက်ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက် ပေး ခဲ့ကြ ကြောင်း သိရ သည်။
Sep 27,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်နန်းပီးနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဟမ်းစပီကာဖြင့် အသိပညာပေး နှိုးဆော်ခြင်းကို တောင်ပိုင်း ရပ်ကွက် အတွင်းသို့ လှည့်လည်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။