မိုးစပါး ဓါတ်မြေသြဇာကြဲပက် နည်းစနစ်ကွင်း သရုပ်ပြပွဲကျင်းပ

ဟုမ္မလင်း စက်တင်ဘာ ၂၇

ဟုမ္မလင်းမြို့နယ်၌ မိုးစပါးအထွက်နှုန်းတိုးတက်ရေးအတွက် အထွက်ကောင်း မျိုးများ အသုံးပြုခြင်း သိပ္ပံနည်းကျ စိုက်ပျိုးနည်း စနစ်များ လိုက်နာ ကျင့်သုံးစိုက်ပျိုးခြင်း ဘက်စုံ ပိုးမွှားရောဂါ ကာကွယ်နည်းစနစ်များ အသုံးပြုဆောင် ရွက်လျက်ရှိရာ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ယနေ့နံနက် (၈) နာရီအချိန်တွင် ခေါင်ခမ်း ကျေးရွာအုပ်စု နားနုံး ကျေးရွာ နားနုံးပါမလုံကွင်း ဦးပိုင်အမှတ် ( ၇၃) တောင်သူ ဦးအောင်စိုးလွင်၏ ဆင်းဧကရီ -၃ မိုးစပါးစိုက်ခင်းတွင် မိုးစပါးဓါတ်မြေသြဇာ ကျဲပက်နည်းစနစ်ကွင်း သရုပ်ပြပွဲ ဆောင်ရွက် ပြသသည်။

 

အခမ်းအနားတွင် ဒုဦးစီးမှူး ဒေါ်စုစုခိုင် မှ မိုးစပါး ဓါတ်မြေသြဇာ အချိန်ကိုက် အချိုးကျ သုံးစွဲနည်းစနစ်နှင့် အဝါရောင်ပိုးမွှား ထောင်ချောက် ( Yellow Sticker ) ဖြင့်ပိုးမွှား ကာကွယ်နည်း စနစ်အသုံးပြုပုံကို ရှင်းလင်းဆွေးနွေးပြီး စိုက်ပျိုးရေး ဝန်ထမ်းများမှ စိုက်ခင်းတွင် လက်တွေ့ကွင်းဆင်း သရုပ်ပြသပါသည်။

 

အဆိုပါသရုပ်ပြပွဲသို့ နားနုံးကျေးရွာမှ တောင်သူ(၂၀)ဦးတက်ရောက်ကြပြီး မြို့နယ် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်း ကော်မတီဝင်များနှင့် အတူလယ်ယာ ကဏ္ဍဖွံဖြိုး တိုးတက်ရေး ဆိုင်ရာများဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

မင်းအောင် (ဟုမ္မလင်း)