ကျောင်းကုန်း စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ဇရပ်ဆိပ်အုပ်စု၊ ကွမ်းခြံ ကုန်းကျေးရွာမှ မွေးလူနာအား ယမန်နေ့ ညနေ ၅ နာရီအချိန်တွင် သုံးမွှာပူးကလေးအား မြို့နယ်ဆရာဝန်ကြီးတို့က အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သုံးမွှာပူးကလေးများအား ညနေ ၄ နာရီ ၄၅ အချိန်တွင်(၆)ပေါင်(၁၀) အောင်စရှိသော အစ်ကိုကြီး၊ ၄ နာရီ ၄၇ အချိန်တွင် (၄)ပေါင်(၁၀)အောင်စရှိသော ညီမလတ်နှင့် ၄ နာရီ ၅၀ နာရီ အချိန်တွင် (၅)ပေါင်(၄)အောင်စရှိသော ညီမထွေးတို့ဖြစ်ပြီး၊ မိခင်ရောကလေးများ ကျန်းမာရေး ကောင်းမွန်လျက် ရှိကြောင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးနိုင်မိသားစုက အာဟာရ ပြည့်ဝစေရန် ငွေကျပ်(၁)သိန်း လှူဒါန်းခဲ့ကြောင်းနှင့် အလှူရှင်များ လှူဒါန်းလိုသူများက နှာခေါင်းစည်းနှင့် မျက်နှာအကာတပ်ဆင်ကာ နှစ်ထပ်ဆောင်သို့ လာရောက်လှူဒါန်း နိုင်ပါကြောင်း မြို့နယ်ဆရာဝန်ကြီး ထံမှ သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)