Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ(၅)ဦး ထပ်မံတွေ့ရှိ
Sep 27,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာ (၅)ဦးထပ်မံတွေ့ရှိကြောင်းကို မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေး ဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) နှင့် မြစိမ်းရောင်စီမံကိန်းအတွက် ကျေးရွာများရွေးချယ်
Sep 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် မြစိမ်းရောင်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများအား ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ရွေးချယ်မှု ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများဆိုင်ရာ အသွားအလာကန့်သတ်မှုများ အသိပေး နှိုးဆော်
Sep 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့သူလျော့ကျသွားစေရေး အသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းများက ယမန်နေ့ည (၇) နာရီက မြို့တွင်းလမ်းဆုံနေရာများတွင် အသံချဲ့စက်ဖြင့် အသိပေးကြေညာခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အလှူရှင်များက သီလရှင်စာသင်တိုက်များသို့ ကုန်စိမ်းသီးနှံများ သွားရောက်လှူဒါန်း
Sep 27,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အလှူရှင်များက သီလရှင်စာသင်တိုက်များသို့ ကုန်စိမ်း သီးနှံများ သွားရောက်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၉ နာရီက မန္တလေးတောင်ခြေရှိ သီလရှင် စာသင်တိုက် (၄) တိုက်သို့ သွားရောက်လှူဒါန်းကြခြင်း ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Sep 27,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိ မြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို (၆၁၈၅) ဦးအား ထိုးနှံပြီးစီး
Sep 27,2021
မကွေးတိုင်းဒေသကြီး သရက်မြို့ ရွှေသက်လွတ်ဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်နှင့် သတ်မှတ်နေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအသုတ် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းများကို ယနေ့ နံနက် ၉ နာရီက ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ဆောင်ရွက် ပေးလျက်ရှိပြီး စက်တင်ဘာ ၂၆ ရက်နေ့အထိ (၆၁၅၈)ဦးအား ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်၌ နတ်မောက်ဆည်ရေလှောင်တမံရေပိုလွှဲမှ ရေကျော်လျက်ရှိ
Sep 27,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ နတ်မောက်ဆည်ရေလှောင်တမံသည် ရေပိုလွှဲမှ ရေကျော်ကျ လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရေပြည့်အမှတ်ထက်ကျော်လွန်၍ ရေပိုလွှဲမှရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်း များ လိုက်လံနှိုးဆော်
Sep 27,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ကိုဗစ်-၁၉ ဆိုင်ရာအသိပညာပေးနိုးဆော်မှုများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်း အချိန်တွင် မြို့ပေါ် ရပ်ကွက်များ၌ အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25391
Page
25392
Page
25393
Page
25394
Current page
25395
Page
25396
Page
25397
Page
25398
Page
25399
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department