Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ၏ သက်တော်(၆၂)နှစ်ပြည့် ဝိဇာတ မွေးနေ့ ပူဇော်ပွဲ ကျင်းပ
Sep 27,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့၊ မအီတောရကျောင်း၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာခွဲ၊ ရတနာ့မာရ်အောင် တောရဓမ္မ ရိပ်သာများ၏ နာယကချုပ်၊ ပြည်တွင်း ပြည်ပ နယ်လှည့် ဓမ္မကထိက အဂ္ဂမဟာကမ္မဋ္ဌာနစရိယ ဝနဝါသီ အရှင်ဝါယာမိန္ဒ (မြောက်ဦးဆရာတော်)၏ သက်တော်(၆၂) နှစ်ပြည့် ဝိဇာတ မွေးနေ့ပူဇော်ပွဲကို ၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော်(၆)ရက်၊ (၂၆-၉-၂၀၂၁)ရက်နေ့ နံနက် ၈ နာရီတွင် မအီတောရကျောင်းဝင်းအတွင်း၌ ပြည်တွင်း ပြည်ပအလှူရှင်များမှ စုပေါင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(ဒလ) တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်
Sep 27,2021
နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သော အသိပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာ နှင့် သက်မွေးပညာ ကျွမ်းကျင်သူများကို အဆင့်အလိုက် မွေးထုတ်ပေးနိုင် ရေးအတွက် ရည်ရွယ်၍ နိုင်ငံတော်အစိုးရ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ဒလမြို့နယ်၌ အစိုးရစက်မှုလက်မှုသိပ္ပံ(ဒလ)ကို ၁၁/၁၄ ရပ်ကွက်အတွင်းရှိ ကွင်းအမှတ် ၁၈၆ မြေ ၂၅ ဧကပေါ်တွင် ၂၀၁၉-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ခွင့်ပြုရန်ပုံငွေ နိုင်ငံတော်ဘတ်ဂျက်ဖြင့် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကိုဗစ်၁၉ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျှက်ရှိ
Sep 27,2021
ကော့သောင်းခရိုင် ၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုလုပ်ငန်း စည်းကမ်းချက်များနှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျှက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့နယ် အုတ်ဖို(၂) ဘုန်းကြီးကျောင်းမှ ရဟန်း(၄)ပါးနှင့် ကိုဗစ်-၁၉ ပိုးတွေ့ရှိ လူနာသစ် (၃)ဦး ထပ်မံတွေ့ရှိ
Sep 27,2021
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ ယမန်နေ့ ညနေပိုင်းအထိ မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ Test Kit (RDT) ဖြင့် ဝေါမြို့နယ် ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများမှ အဖွဲ့များခွဲ၍ ဝေါမြို့ပြည်သူ့ ဆေးရုံဟောင်း၊ ညောင်ခါးရှည်ကျေးရွာစျေး၊ ကျေးရွာအုပ်စု (၁၂)အုပ်စုနှင့် ဘုန်းတော်ကြီးကျောင်း (၁၀) ကျောင်းတို့မှ အနံ့ပျောက်သံသယရှိသူ လူနာ (၄၂၃) ဦးအား Test Kit (RDT) ဖြင့် စစ်ဆေးခဲ့ရာ အုတ်ဖို (၂) ဘုန်းကြီးကျောင်းမှ ရဟန်း (၃) ပါး၊ ဖအောင်ဝဲကျေးရွာ ဒိုက်ဦးမြို့မှ ရဟန်း(၁)ပါးနှင့် ညောင်ခါးရှည်ကျေးရွာစျေး အမျိုးသမီး(၁)ဦး၊ ဂွေ့ကြီးကျေးရွာအမျိုးသမီး(၁)ဦး၊ လေးအိမ်စုကျေးရွာ အမျိုးသား(၁)ဦး စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာအသစ် (၇)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ယမန်နေ့ထိ ဝေါမြို့နယ် တွင် ပိုးတွေ့သူ စုစုပေါင်း(၁၆၅၅) ဦးရှိပြီး ဆေးရုံမှ ဆင်းခွင့်ရသူ (၁၅၁၃) ဦး၊ အခြားမြို့နယ်ပြောင်းရွှေ့ (၅) ဦး၊ ဝေါမြို့နယ်အတွင်း Positive လူနာ စုစုပေါင်းဆေးရုံလက်ကျန် လူနာ (၂၆) ဦးနှင့် ယနေ့ထိ သေဆုံးသူ စုစုပေါင်း (၁၁၁) ဦးရှိကြောင်း ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မသန်စွမ်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြည်သူများလေ့လာနိုင်ရန် ပြသထားရှိ
Sep 27,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်၌ ယမန်နေ့ နံနက် ၁၀နာရီခွဲ အချိန်က မသန်စွမ်းဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်များကို ပြသထားရှိရာ စာဖတ်ပရိတ် သတ်များနှင့် ပြည်သူများမှ စိတ်ပါ ဝင်စားစွာ လာရောက်ကြည့်ရှုလေ့လာလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အများပြည်သူ ကျန်းမာရေးအတွက် အကျိုးပြုမည့် အောက်ဆီဂျင်စက် ဘိုကလေးမြို့သို့ ရောက်ရှိနေပြီ
Sep 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မတည်အလှူရှင်များ၊ ဌာနဆိုင်ရာများနှင့် အများပြည်သူများ၏ စုပေါင်းလှူဒါန်းမှုများဖြင့် အောက်ဆီဂျင်စက်ရုံအား တည်ဆောက်လျက်ရှိရာ အများပြည်သူ ကျန်းမာရေးအတွက် အကျိုးပြုမည့် အောက်ဆီဂျင်စက် စက်တင်ဘာ(၂၅)ရက်နေ့ ညနေပိုင်း၌ ဘိုကလေးမြို့နယ်သို့ ရောက်ရှိနေပြီဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအသိပေးနှိုးဆော်ချက်များအား ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပေး ကြေညာပေးလျက်ရှိ
Sep 27,2021
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုကို လျှော့နည်း စေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ပြည်သူသို့ အသိပေး ပန်ကြားချက်များအား ကိုဗစ်-၁၉ ရောဂါ ကွယ်ဆေးထိုးရန် စုရပ်ဖြစ်သည့် ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကရင်၊မြန်မာနှစ်ဘာသာဖြင့် ယနေ့နံနက်(၉) နာရီအချိန်က အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသွားသော လမ်းပခုံးအား အမြန်ပြုပြင် ဆောင်ရွက်
Sep 27,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လွတ်လွတ်ကျေးရွာအနီး မြိတ်-ပုလော ကားလမ်းမ လမ်းပခုံးမြေများ ယနေ့ နေ့လယ်ပိုင်းက ပြိုကျပျက်စီးခဲ့ရာ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လမ်းပျက်စီးမှု မရှိစေရေးအတွက် လမ်းဦးစီးဌာနမှ အမြန်ပြုပြင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25397
Page
25398
Page
25399
Page
25400
Current page
25401
Page
25402
Page
25403
Page
25404
Page
25405
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department