ရွှေသောင်ယံ စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ-ထ-က ရွှေသောင်ယံ စာသင်ကျောင်း ၌ စုရပ်ပြုလုပ်၍ ယနေ့ နံနက် ၉ နာရီအချိန် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးလာရောက် ထိုးနှံသူများကို ရွှေသောင်ယံမြို့ရှိ ကျန်းမာရေးဝန်ထမ်းများမှ အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ Oxygen တိုင်းပေးခြင်းတို့ကိုပြုလုပ် ဆောင်ရွက် ပေးပြီးမှ ကျန်းမာရေး အခြေအနေပေါ် မူတည်၍ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ရွှေသောင်ယံ နယ်မြေ တပ်စခန်းမှ ဗိုလ်ကြီးအာကာဟိန်းနှင့် တပ်ဖွဲ့ဝင်များ၊ ရွှေသောင်ယံ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ရွှေသောင်ယံမြို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြောင်းနှင့် ရွှေသောင်ယံမြို့ အမှတ်(၁၊၂၊၃) ရပ်ကွက်ရှိ လူဦးရေ(၁၇၅)ဦးမှ စာရင်းပေး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။
ကိုကိုမောင်