ချောင်းဆုံ စက်တင်ဘာ ၂၇
ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးများကို ဦးတည်အုပ်စုအလိုက် ဦးစားပေးထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး(၂)ကြိမ်ထိုးပြီးသူ၏ ဝမ်းသာပီတိရင် တွင်းစကားသံကို အခုလိုဘဲကြားသိခဲ့ရပါတယ်,....
ဦးစန်းမြင့် (အသက် ၈၁ နှစ် ) ချောင်းဆုံတိုးချဲ့ရပ်ကွက်
အဘကအခုဆိုရင် ကာကွယ်ဆေး(၂)ကြိမ်စလုံးထိုးပြီးသွားပြီး၊ အရင်ပထမအကြိမ်ထိုးတုန်းကလဲ အဘ ဘာမှဖြစ်ဘူး၊ မထိုးခင်တုန်းကလဲဒီအတိုင်းဘဲ၊ ထိုးပြီးတော့လဲဒီအတိုင်းဘဲ၊ ကိုယ်ပူတာတို့ ကိုက်ခဲ့တာ တို့ဘာမှမဖြစ်ဘူး၊ ဒုတိယအကြိမ်ဆေးထိုးပြီးတော့လဲ အရင်ကတစ်ခေါက်လိုဘဲဘာမှမခံစားရဘူး၊ နှစ်ကြိမ် စလုံးထိုးပြီးပြီးဆိုတော့ ကိုယ့်ကိုကိုယ်တော့ ယုံကြည်စိတ်ချသွားပြီပေါ့၊ ဒီကာကွယ်ဆေးထိုးလိုက်ရတဲ့အ တွက် ဒီရောဂါနဲ့ပတ်သက်ပြီး(၇၀)ရာခိုင်နှုန်းလောက်ရောဂါမကူးစက်တော့ဘူးပေါ့၊ ဒါပေမယ့်ကိုယ်က လည်း ကျန်းမာရေးဌာနက လမ်းညွှန်ချက်နဲ့အညီ နေထိုင်သွားလာဖို့လိုတာပေါ့၊ အခုကာကွယ်ဆေး ထိုးတာနဲ့ ပတ်သတ်ပြီးတော့ အဘအနေနဲ့ပြောချင်တာ အကြံပြုချင်တာကတော့ ဆေးမထိုးရသေး တဲ့သူတွေကို ဆေး ထိုးစုရပ်မှာလာပြီး ဆေးထိုးစေချင်တယ်၊ ဆိုလိုတာက ငါကာကွယ်ဆေးထိုး ထားတာ ပါလား၊ ကိုယ့်စိတ် ကို တော့ နည်းနည်းလုံခြုံမှုယုံကြည်မှုရှိစေတယ်။ အဲတော့ ဆေးမထိုးရ သေးတဲ့သူတွေ လဲဆေးထိုးပေးပါ၊ ထိုး သင့်ပါတယ်၊ အဘအနေနဲ့ ခုလို ကာကွယ်ဆေး ထိုးရရှိအောင် ဆေးထိုးပေးတဲ့အတွက် တာဝန်ရှိတဲ့သူတွေ ကျန်းမာရေးဝန်ထမ်းတွေ၊ Volunteer စေတနာ့ ဝန်ထမ်းတွေကို ကျေးဇူးအများကြီးတင်ပါတယ်၊ နောက်ပြီး နိုင်ငံတော်အကြီးအကဲအားလုံးကိုလည်း အထူးကျေးဇူးတင်ပါ တယ်လို့ပြောချင်ပါတယ်။
ဦးစောမြရွှေ (အသက်၇၀နှစ်) ကရင်ဝင်းစိန်ကျေးရွာ
အဘ က ပထမတစ်ကြိမ်ထိုးတုန်းက ဘာမှမဖြစ်ခဲ့ဘူး၊ ဒုတိယအကြိမ်ထိုးတော့လဲ သူနာပြုဆရာမ တွေက မေးတာပေါ့ ဘာရောဂါတွေရှိလဲ အခုဖျားနေလား၊ ဘာတွေဖြစ်နေလဲ စုံနေတာဘဲ သူတို့တွေမေး တာပေါ့ ပြီးတော့ ဆရာမတွေက သွေးပေါင်ချိန်တိုင်းပြီးတော့မေးတာပေါ့၊ သွေးတိုးဆီးချိုနဲ့ အခြားရောဂါ တွေ ဘာဆေးတွေသောက်နေလဲ နောက်ပြီးသူတို့က အဘမှာ ဘာမှမရှိဘူးလို့ပြောတယ်၊ ဆေးထိုးပြီးတော့ လဲ ဘယ်လိုမှမခံစားရဘူး၊ လူကဆေးမထိုးခင်အတိုင်းဘဲ အရင်ကဆေးမထိုးရသေးခင်ကလည်း အဘ မကြောက်ဘူး ၊ ဒီရောဂါနဲ့ပတ်သက်ပြီးတော့ စိတ်ထဲမှာ ဘယ်လိုမှမခံစားရဘူး ကျန်းမာရေးက အသိပေး ကြေညာထားတဲ့အတိုင်းစည်းကမ်းနဲ့နေရင် ဘာမှမဖြစ်ဘူးလေ၊ ဒါကြောင့် ဆေးမထိုးရတုန်းကလဲ မကြောက်ဘူး ၊ ဆေးထိုးပြီးတော့လဲ မကြောက်ဘူး အခုလိုကာကွယ်ဆေးထိုးပေးတဲ့ တာဝန်ရှိသူတွေကို အထူးတလည် ကျေးဇူးတင်ပါတယ်။ အဘအနေနဲ့နောက်ဆုံးပြောချင်တာက တာဝန်ရှိတဲ့သူတွေ ဒီထက် ကောင်းအောင် လုပ်ပေးရင်တော့ အများကြီးကောင်းတာပေါ့တိုင်းပြည်အတွက်လည်းကောင်းလာတာပေါ့ အားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။
တွေ့ဆုံမေးမြန်း- ချောင်းဆုံ(ပြန်/ဆက်)