မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျက်ရှိ

မြစ်သား                  စက်တင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်းရှိ အသက်၅၅နှစ်အထက် ပြည်သူများနှင့်ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို  ယမန်နေ့နံနက် ၉ နာရီက စတင်၍ မြစ်သားမြို့နယ်လုပ်အားကြေးမုံခန်းမနှင့် ကျေးလက် ကျန်းမာ​ရေးဌာနစုရပ်များ၌ ကာကွယ်ဆေးဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးများထိုးနှံပေးရာ၌ မြစ်သားမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်​ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအေးခိုင်၏လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှူးဒေါက်တာ ဝေမာနွယ်ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊  မီးသတ်တပ်ဖွဲ့ဝင်များ ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျှော့ချနိုင် ရန် အတွက် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သည့် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ ပေးခြင်း များဆောင်ရွက်ကာ ပုံမှန်အနေအထား ရောက်ရှိမှ သာလျှင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးပြီး မိနစ်(၃၀)ခန့်  အနားယူခြင်းများ စီစဉ် ဆောင်ရွက် ပေးလျက်ရှိရာပြည်သူအများအပြား စိတ်ဝင်တစားလာရောက်ထိုးနှံ ကြကြောင်း သိရသည်။

မြစ်သားမြို့နယ်ရပ်ကွက်/ကျေးရွာများအတွင်းရှိအသက်၅၅နှစ်အထက်ရှိ ပြည်သူများအား သက်ဆိုင် ရာရပ်ကွက်/ကျေးရွာ ကျန်းမာရေးဌာနစုရပ်များ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြမြမွန်(မြစ်သား)